Skip to main content

Coffee , Marketing point view ?

အမှန်တော့ ဒီသတင်းက ၂၀၁၆ တည်းက အဟောင်းပါ။ မြန်မာပြည်ရဲ့ ၄၂ % ဆိုတာ တစ်ဝက်နီးပါးပဲ။ ဒီဈေးကွက်ကြီးက မသောက်ရမနေနိုင်အောင် စွဲလမ်းနေပြီဆိုတော့ ခိုင်မာတဲ့ ဈေးကွက်လို့ အကြမ်းမျဉ်း ယူဆလို့ရပြီ။
နောက်ကျန်တဲ့ ၅၈% ထဲကနေလည်း အမြဲမဟုတ်တောင်မှ တစ်ခါတစ်လေ သောက်သူက ၁၀% လောက်တော့ ရှိဦးမယ်။ ကိုင်း . . . Marketing Point of View အရ ကျွန်တော်တို့ ဘာလုပ်လို့ရမလဲ။
.
.

.
ကျွန်တော် စဉ်းစားမိထားတာလေးတွေကို နောက်နေ့ နံနက် ၉ နာရီမှာ Post Edit လုပ်ပြီး တင်ပေးထားပါ့မယ်။
အဖြေမှန်လား မမှန်လား ၊ idea အသစ်ဖြစ်လား မဖြစ်လား သိချင်ရင်တော့ Comment လေးတွေ ချန်ထားပြီး ဦးနှောက်ကို အလုပ်ပေးကြတာပေါ့။
Noti ယူခဲ့မယ်ဆိုလည်း Noti ဆိုတာလေးတော့ ရေးပေးခဲ့ပါဦး။
================
ဟုတ်ကဲ့ အားလုံးဖြေထားတဲ့ အဖြေတွေကို သုံးသပ်ကြည့်ရင် ထုတ်လုပ်ရေးဖြစ်တဲ့ ကော်ဖီထုတ်လုပ်ရေးလုပ်ငန်းရယ် ၊ ဝန်ဆောင်မှု လုပ်ငန်းဖြစ်တဲ့ ကော်ဖီဆိုင်ရယ်ကို အဓိက ဦးတည်ထားတာ တွေ့ရပါတယ်။ ဒါတွေဟာ ဈေးကွက်ထဲကို တိုက်ရိုက်ဝင်ရောက် ပြိုင်ဆိုင်တဲ့ သဘောပါ။
ကျွန်တော့်ရဲ့ ဓာတ်ပုံလေးကို တစ်ချက်ပြန်ကြည့်ရင် ပြည်တွင်း ကော်ဖီတံဆိပ်တစ်ခုရယ် ပြည်ပကော်ဖီ တံဆိပ်နှစ်ခုရယ်ကို တွေ့ရမှာပါ။ ဒါတောင်မှ နာမည်ကြီး Nescafe, Birdy, Super စတာတွေ မပါသေးပါဘူး။ ဒီတော့ ဈေးကွက် ယှဉ်ပြိုင်မှု ပြင်းထန်တယ်။ ပြည်တွင်းသာမက ပြည်ပနဲ့ပါ ပြိုင်ဆိုင်နေရတယ်ဆိုတာ သိသာထင်ရှားနေပါတယ်။
ကော်ဖီအမှုန့် ၊ ကော်ဖီစေ့ထဲမှာ ဆိုရင်လည်း ရွှေပုဇွန် ၊ မေမြို့ကော်ဖီ စတာတွေက သူတို့ရဲ့ ခိုင်မာတဲ့ ကုန်အမှတ်တံဆိပ် နာမည်တွေနဲ့ ရှိနေနှင့်ပြီးပါပြီ။ ကော်ဖီဆိုင်တွေဆိုရင်လည်း ဈေးနှုန်းမြင့်တဲ့ ကော်ဖီဆိုင်တွေ ၊ Season လို ဆိုင်ခွဲတွေအများကြီးရှိတဲ့ဆိုင်တွေ ၊ အခုဆိုရင် ကော်ဖီပေါ်မှာ မိမိဓာတ်ပုံနဲ့ ထုတ်ပေးတဲ့ ကော်ဖီဆိုင်တွေပါ ရှိလာနေပြီ ဖြစ်ပါတယ်။ မကြာမီမှာ ကမ္ဘာသိ Starbuck လို ဆိုင်တွေ ရောက်လာခဲ့မယ်ဆိုရင် . . .
နောက်ပြီးတော့ ခုနက လုပ်ငန်း ၂ ခုဟာ အခြားလုပ်ငန်းတွေနဲ့ မသက်ဆိုင်သလို ဖြစ်နေတယ်။ တခြား လုပ်ငန်းတွေက ကော်ဖီနဲ့ ဘာကြောင့် မသက်ဆိုင်ရမှာလဲ။
စီးပွားရေးနဲ့ စာပေလုပ်ငန်းတွေဆိုရင် -
Coffee Industry နဲ့ ပတ်သက်တဲ့ စာအုပ်စာပေတွေ ထုတ်လုပ်မယ် သင်ကြားမယ်။
နိုင်ငံတကာအဆင့်မီ ကော်ဖီအမျိုးမျိုး ပြုလုပ်နည်းတွေ စာအုပ်ထုတ်မယ် သင်တန်းဖွင့်မယ်။
ကုန်ပစ္စည်းထုတ်လုပ်သူတွေ -
ကော်ဖီနဲ့ ဆက်စပ်တဲ့ ထုတ်ကုန်အသစ်အဆန်းတွေ ထုတ်လုပ်မယ် တင်သွင်းရောင်းချမယ်။
ကြော်ငြာလုပ်ငန်းတွေ -
လက်ဆောင်ပစ္စည်းတွေ ၊ ကြော်ငြာတွေကို ကော်ဖီနဲ့ ဆက်စပ်ပစ္စည်းတွေနဲ့သာ ချိတ်နိုင်မယ်ဆိုရင် ၄၂% သော ကော်ဖီချစ်သူတွေကို ကုန်ပစ္စည်းအသစ်ကြော်ငြာနိုင်မယ်။
ကျန်းမာရေး -
ကော်ဖီကြောင့် ဖြစ်တဲ့ ကောင်းကျိုး ဆိုးကျိုးတွေ ။
အလှအပ -
ကော်ဖီကထုတ်လုပ်တဲ့ အလှကုန်ပစ္စည်းတွေ အလှပြင်နည်းတွေ
စသဖြင့် စသဖြင့်
မော်တော်ကား ကုမ္ပဏီတွေတောင်မှ ကော်ဖီကို အရင်းပြုပြီး ရောင်းအားတက်အောင် လုပ်သွားဖူးတယ်။ ကားထဲမှာ ကော်ဖီခွက် မမှောက်ကျအောင် ထိန်းနိုင်တဲ့ အထိန်းလေးတစ်ခု ထည့်ပေးလိုက်တယ်။ ကော်ဖီကို ကားမောင်းရင်း အန္တရာယ်ကင်းစွာ သောက်လို့ရအောင် စီစဉ်ပေးလိုက်တယ်။
ကိုင်း . . . လုပ်ငန်းတွေ အများကြီး ထွက်မလာပေဘူးလား။ ကွမ်းယာတောင်မှ ကော်ဖီမှုန့်လေးနဲ့ ဘာကြောင့် ထည့်မဝါးကြည့်ချင်ရတာလဲ။ ဒါဟာ အသစ်အဆန်းပဲလေ။
Marketing is everything ပါ။
Marketing ဆိုတာ Customer ကို ကိုယ့်ဆီရောက်လာအောင် လုပ်ပေးတဲ့ ပညာပါ။
အားလုံးကို ကျေးဇူးတင်လျက်
credit to : Mr. Marketing Myanmar



Comments

Popular posts from this blog

မိုဘိုင်းဖုန်းနဲ့ဓာတ်ပုံရိုက်တဲ့အခါ မှားတတ်တဲ့အလေ့အထများ

မိုဘိုင်းဖုန်းနဲ့ ဓာတ်ပုံရိုက်ကူးတဲ့အခါမှာ အချို့ပုံကောင်းတွေမရဘဲ သူများဓာတ်ပုံတွေက ဘာလို့ပိုလှနေလဲဆိုပြီး ခံစားမိတတ်တဲ့ အချိန်တွေ ရှိတတ်ပါတယ်။ ရိုက်ကူးတဲ့ နေရာအတူတူ၊ သုံးတဲ့ မိုဘိုင်းဖုန်းလည်း အတူတူနဲ့ အခြားသူ ရိုက်ကူးတဲ့ပုံက ကိုယ့်ပုံထက် ပိုမိုက်နေတာကို တွေ့ကြရပြီး ဘာကြောင့်လဲဆိုပြီး ကိုယ့်ကိုယ်ကို မေးတတ်ကြပါတယ်။ ဒါဟာ ဓာတ်ပုံပညာမှာ အချို့ မလုပ်သင့်တဲ့ ဝိသေသလေးတွေကို ကိုယ်က သတိမထားဘဲ လုပ်လိုက်မိလို့ သူများကကိုယ့်ထက် အနည်းလေးဓာတ်ပုံပညာ သိထားတာကြောင့် အချို့နေရာတွေမှာ ဓာတ်ပုံကောင်း တစ်ပုံသူတို့ရရှိ သွားကြတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုမဖြစ်ရ လေအောင် ဓာတ်ပုံပညာမှာ သိထားရမယ့် အခြေခံ အကြောင်းအချက် အချို့ကို ဝေမျှလိုပါတယ်။ Horizontal မျဉ်းတွေ ရေပြင်ညီဖြစ်အောင် မရိုက်ကူးခြင်း အချို့ဓာတ်ပုံကောင်းတွေမှာ မျဉ်းကြောင်းတွေဟာ အလွန်အရေးပါတာကို တွေ့ရပါတယ်။ ပင်လယ်ပြင်ကြီးကို နောက်ခံထားရိုက်ကူးတဲ့ အခါမှာ ရေပြင်ညီမျဉ်းကြောင်းဖြစ်ဖို့က အထူးအရေးကြီးပါတယ်။ အချို့သော တံတားတွေ ရိုက်ကူးတဲ့အခါမှာ မျဉ်းပြိုင်ဖြစ်နေတဲ့ တံတားဘောင်တွေ၊ ဓာတ်တိုင်တွေ၊ ဆိုင်းဘုတ်တွေ စတာတွေကို ရိုက်ကူးတဲ့ အခါမှာ မျဉ်းကြောင်

Personal Branding ဆိုတာ

တချို့လူတွေက မိမိတော်ကြောင်း တတ်ကြောင်း ထုတ်ဖော်ကြွားဝါးတတ်ကြတယ်။ မိမိ အာဏာ၊လုပ်ပိုင်ခွင့်သုံးပြီး ဘယ်လောက်လုပ်နိုင်တယ်ဆိုတာကို Branding လို့ထင်နေကြတယ်။ တကယ်တော့ အဲ့အရာက တက်တက်စင်လွဲပါတယ်။ Branding အစစ်မှန်က ဘာလဲ… " Personal Branding ဆိုတာ မိမိအခန်းထဲမှာ မရှိတဲ့နောက် အခြားလူတွေပြောကြတဲ့ ကိုယ့်အကြောင်းတဲ့"   Credit To ; ပေါင်းသင်းဆက်ဆံမူစွမ်းရည်