Skip to main content

Posts

ရှင်သန်စိတ်

Recent posts

Personal Branding ဆိုတာ

တချို့လူတွေက မိမိတော်ကြောင်း တတ်ကြောင်း ထုတ်ဖော်ကြွားဝါးတတ်ကြတယ်။ မိမိ အာဏာ၊လုပ်ပိုင်ခွင့်သုံးပြီး ဘယ်လောက်လုပ်နိုင်တယ်ဆိုတာကို Branding လို့ထင်နေကြတယ်။ တကယ်တော့ အဲ့အရာက တက်တက်စင်လွဲပါတယ်။ Branding အစစ်မှန်က ဘာလဲ… " Personal Branding ဆိုတာ မိမိအခန်းထဲမှာ မရှိတဲ့နောက် အခြားလူတွေပြောကြတဲ့ ကိုယ့်အကြောင်းတဲ့"   Credit To ; ပေါင်းသင်းဆက်ဆံမူစွမ်းရည်

မိုဘိုင်းဖုန်းနဲ့ဓာတ်ပုံရိုက်တဲ့အခါ မှားတတ်တဲ့အလေ့အထများ

မိုဘိုင်းဖုန်းနဲ့ ဓာတ်ပုံရိုက်ကူးတဲ့အခါမှာ အချို့ပုံကောင်းတွေမရဘဲ သူများဓာတ်ပုံတွေက ဘာလို့ပိုလှနေလဲဆိုပြီး ခံစားမိတတ်တဲ့ အချိန်တွေ ရှိတတ်ပါတယ်။ ရိုက်ကူးတဲ့ နေရာအတူတူ၊ သုံးတဲ့ မိုဘိုင်းဖုန်းလည်း အတူတူနဲ့ အခြားသူ ရိုက်ကူးတဲ့ပုံက ကိုယ့်ပုံထက် ပိုမိုက်နေတာကို တွေ့ကြရပြီး ဘာကြောင့်လဲဆိုပြီး ကိုယ့်ကိုယ်ကို မေးတတ်ကြပါတယ်။ ဒါဟာ ဓာတ်ပုံပညာမှာ အချို့ မလုပ်သင့်တဲ့ ဝိသေသလေးတွေကို ကိုယ်က သတိမထားဘဲ လုပ်လိုက်မိလို့ သူများကကိုယ့်ထက် အနည်းလေးဓာတ်ပုံပညာ သိထားတာကြောင့် အချို့နေရာတွေမှာ ဓာတ်ပုံကောင်း တစ်ပုံသူတို့ရရှိ သွားကြတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုမဖြစ်ရ လေအောင် ဓာတ်ပုံပညာမှာ သိထားရမယ့် အခြေခံ အကြောင်းအချက် အချို့ကို ဝေမျှလိုပါတယ်။ Horizontal မျဉ်းတွေ ရေပြင်ညီဖြစ်အောင် မရိုက်ကူးခြင်း အချို့ဓာတ်ပုံကောင်းတွေမှာ မျဉ်းကြောင်းတွေဟာ အလွန်အရေးပါတာကို တွေ့ရပါတယ်။ ပင်လယ်ပြင်ကြီးကို နောက်ခံထားရိုက်ကူးတဲ့ အခါမှာ ရေပြင်ညီမျဉ်းကြောင်းဖြစ်ဖို့က အထူးအရေးကြီးပါတယ်။ အချို့သော တံတားတွေ ရိုက်ကူးတဲ့အခါမှာ မျဉ်းပြိုင်ဖြစ်နေတဲ့ တံတားဘောင်တွေ၊ ဓာတ်တိုင်တွေ၊ ဆိုင်းဘုတ်တွေ စတာတွေကို ရိုက်ကူးတဲ့ အခါမှာ မျဉ်းကြောင်

စိတ်ဓာတ်ကြံ့ခိုင်သူတွေက ဒီအချက်တွေကို (လုံးဝ)မလုပ်ဘူး

Facebook ပေါ်မှာ တက်ကျမ်းတွေ၊ အောင်မြင်ရေးစာစုတွေ တွေ့ရတာ အများအပြားဖြစ်မှာပါ။ ဒီတစ်ခုကတော့ အခြားစာစုတွေနဲ့ မတူပါဘူး။ ဘာလုပ်ပါ ဘာလုပ်ပါလို့ ပြောနေမယ့်အစား တစ်ခုခု မလုပ်နိုင်သေးရင်လည်း ဒီအချက်လေးတွေကို ရှောင်ပေးရုံနဲ့ ဘဝကို ဖြတ်သန်းဖို့ လိုအပ်တဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတွေ ရလာနိုင်မှာပါ။ ဟုတ်ပါတယ်၊ စိတ်ဓာတ်ကြံ့ခိုင်မှုဆိုတာ ခင်ဗျားဘာလုပ်တယ်ဆိုတဲ့ အရာတွေမှာတင် တွေ့နိုင်တာ မဟုတ်ပါဘူး။ ခင်ဗျား ဘာတွေ မလုပ်ဘူး၊ ဘာတွေကို ရှောင်ကြဉ်နိုင်တယ်ဆိုတာမှာလည်း တွေ့နိုင်ပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်သူတွေက ဒါတွေ မလုပ်ဘူး ၁။ သူတို့ကိုယ်ကို သနားပြီး အချိန်တွေ ဖြုန်းမနေဘူး ကိုယ့်ကိုယ်ကို သနားနေတာဟာ ကိုယ့်ကိုယ်ကို မသိလိုက်မသိဘာသာ ဖျက်စီးနေတာနဲ့ အတူတူပါပဲ။ ဘဝတစ်လျှောက်လုံး ငါ ဘာမဖြစ်ရလေခြင်း၊ ငါ့မှာ ဒါတွေ မပိုင်ရလေခြင်းဆိုတဲ့ ကိုယ့်ကိုယ်ကို သနားနေတဲ့ စိတ်တွေမှာပဲ မွေ့လျော်နေတာဟာ အချိန်ဖြုန်းခြင်းသက်သက်ပါပဲ။ အဲ့ဒါအပြင် အပျက်သဘောအတွေးအမြင်တွေလည်း တိုးလာရုံမက၊ ဒီထက်ပိုဆိုးလာရင် မိသားစု၊ အချစ်ရေးစတဲ့ လူမှုဆက်ဆံရေးတွေကိုပါ ထိခိုက်လာစေပါတယ်။ ဒါတွေကို ဘယ်လို ဖျောက်မလဲ၊ ကိုယ်မလုပ်နိုင်တဲ့ အရာတွေ၊ ကိုယ့်မှာ မရှိတဲ့ အ

Coffee , Marketing point view ?

အမှန်တော့ ဒီသတင်းက ၂၀၁၆ တည်းက အဟောင်းပါ။ မြန်မာပြည်ရဲ့ ၄၂ % ဆိုတာ တစ်ဝက်နီးပါးပဲ။ ဒီဈေးကွက်ကြီးက မသောက်ရမနေနိုင်အောင် စွဲလမ်းနေပြီဆိုတော့ ခိုင်မာတဲ့ ဈေးကွက်လို့ အကြမ်းမျဉ်း ယူဆလို့ရပြီ။ နောက်ကျန်တဲ့ ၅၈% ထဲကနေလည်း အမြဲမဟုတ်တောင်မှ တစ်ခါတစ်လေ သောက်သူက ၁၀% လောက်တော့ ရှိဦးမယ်။ ကိုင်း . . . Marketing Point of View အရ ကျွန်တော်တို့ ဘာလုပ်လို့ရမလဲ။ . . . ကျွန်တော် စဉ်းစားမိထားတာလေးတွေကို နောက်နေ့ နံနက် ၉ နာရီမှာ Post Edit လုပ်ပြီး တင်ပေးထားပါ့မယ်။ အဖြေမှန်လား မမှန်လား ၊ idea အသစ်ဖြစ်လား မဖြစ်လား သိချင်ရင်တော့ Comment လေးတွေ ချန်ထားပြီး ဦးနှောက်ကို အလုပ်ပေးကြတာပေါ့။ Noti ယူခဲ့မယ်ဆိုလည်း Noti ဆိုတာလေးတော့ ရေးပေးခဲ့ပါဦး။ ================ ဟုတ်ကဲ့ အားလုံးဖြေထားတဲ့ အဖြေတွေကို သုံးသပ်ကြည့်ရင် ထုတ်လုပ်ရေးဖြစ်တဲ့ ကော်ဖီထုတ်လုပ်ရေးလုပ်ငန်းရယ် ၊ ဝန်ဆောင်မှု လုပ်ငန်းဖြစ်တဲ့ ကော်ဖီဆိုင်ရယ်ကို အဓိက ဦးတည်ထားတာ တွေ့ရပါတယ်။ ဒါတွေဟာ ဈေးကွက်ထဲကို တိုက်ရိုက်ဝင်ရောက် ပြိုင်ဆိုင်တဲ့ သဘောပါ။ ကျွန်တော့်ရဲ့ ဓာတ်ပုံလေးကို တစ်ချက်ပြန်ကြည့်ရင် ပြည်တွင်း ကော်ဖီတံဆိပ်တစ်ခုရယ် ပြည်ပကော်ဖီ တံဆိပ်နှစ်ခုရယ်ကိုေ

အကောင်းဆုံးသော ဈေးကွက်အောင်မြင်ရေး

စားသုံးသူအပေါ် ဂရုတစိုက်ရှိခြင်းသည်သာ အကောင်းဆုံးသော ဈေးကွက်အောင်မြင်ရေး လုပ်ရပ် ဖြစ်လေသည်။ by Gary Vanerhchck   Credit To : Mr. Marketing Myanmar 

ထော်လာဂျီ Speed ကနေ ဒုံးပျံ Speed ဆီသို့

🔵   ဒီနေ့မျက်မှောက်ခေတ်မှာ အသံထက် အရွှေ့ပိုမြန်တဲ့ စီးပွားရေး လုပ်ငန်းစုကြီးေ တွမှာ Strategy Department (မဟာဗျူဟာဌာန) တို့। Business Development Department ( စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဌာန) တို့ကို စနစ်တကျထားရှိတာကို မြင်တွေ့လာရတယ်... 🔘   Strategy Department ( မဟာဗျူဟာဌာန) တွေမှာဆိုရင် နောင်လာမယ့် အနာဂါတ်မှာ ဘာတွေဖြစ်လာနိုင်တယ်... ကိုယ့် Industry ရဲ့ အရွေ့တွေ ဘယ်လိုပြောင်းလဲ သွားနို်င်တယ်ဆိုတာကို ခေတ်လွန် စိတ်ကူးယဉ်သိပ္ပံရုပ်ရှင်ဇာတ်ကားတွေအထိ လိုက်လံကြည့်ရှုပြီး အတွေးသစ် အမြင်သစ် စိတ်ကူးသစ်တွေနဲ့ စီးပွားရေး ဗျူဟာတွေရေးဆွဲကြတယ်... ဥပမာအားဖြင့် စူပါမားကက်တစ်လုံးမှမရှိတဲ့ အလီဘာဘာတို့... အမေဇုံတို့လို လက်လီအွန်လိုင်းဈေးရောင်းစနစ်တွေ ထွန်းကားလာတော့ ဝေါမတ်လို စူပါမားကက်တွေ ပိတ်ပစ်လိုက်ရတာ အများကြီးဘဲ... ▪️ စင်ကာပူမှာဆိုရင် စာတိုက် ချောပို့စနစ်က ကိုယ်တွေဆီမှာလို မိရိုးဖလာ ရိုးရာ ချောပို့စနစ် မဟုတ်တော့တာကြာပြီ... စူပါမားကက်တွေမှာ စာတိုက်အသေးတွေလိုက်ဖွင့်တယ်... ဒစ်ဂျစ်တယ် ချော သေတ္တာလေးတွေထားထားပေးတယ်... ကိုယ့်ပစ္စည်းကို ဘယ်သေတ္တာမှာ ဘယ်အချိန်မှာ ရွေးပါဆိုပြီး အွန်လိုင်းကနေ QR Code ပိ