Skip to main content

ထော်လာဂျီ Speed ကနေ ဒုံးပျံ Speed ဆီသို့

🔵 ဒီနေ့မျက်မှောက်ခေတ်မှာ အသံထက် အရွှေ့ပိုမြန်တဲ့ စီးပွားရေး လုပ်ငန်းစုကြီးတွေမှာ Strategy Department (မဟာဗျူဟာဌာန) တို့। Business Development Department ( စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဌာန) တို့ကို စနစ်တကျထားရှိတာကို မြင်တွေ့လာရတယ်...
🔘 Strategy Department ( မဟာဗျူဟာဌာန) တွေမှာဆိုရင် နောင်လာမယ့် အနာဂါတ်မှာ ဘာတွေဖြစ်လာနိုင်တယ်... ကိုယ့် Industry ရဲ့ အရွေ့တွေ ဘယ်လိုပြောင်းလဲ သွားနို်င်တယ်ဆိုတာကို ခေတ်လွန် စိတ်ကူးယဉ်သိပ္ပံရုပ်ရှင်ဇာတ်ကားတွေအထိ လိုက်လံကြည့်ရှုပြီး အတွေးသစ် အမြင်သစ် စိတ်ကူးသစ်တွေနဲ့ စီးပွားရေး ဗျူဟာတွေရေးဆွဲကြတယ်... ဥပမာအားဖြင့် စူပါမားကက်တစ်လုံးမှမရှိတဲ့ အလီဘာဘာတို့... အမေဇုံတို့လို လက်လီအွန်လိုင်းဈေးရောင်းစနစ်တွေ ထွန်းကားလာတော့ ဝေါမတ်လို စူပါမားကက်တွေ ပိတ်ပစ်လိုက်ရတာ အများကြီးဘဲ...
▪️စင်ကာပူမှာဆိုရင် စာတိုက် ချောပို့စနစ်က ကိုယ်တွေဆီမှာလို မိရိုးဖလာ ရိုးရာ ချောပို့စနစ် မဟုတ်တော့တာကြာပြီ... စူပါမားကက်တွေမှာ စာတိုက်အသေးတွေလိုက်ဖွင့်တယ်... ဒစ်ဂျစ်တယ် ချော သေတ္တာလေးတွေထားထားပေးတယ်... ကိုယ့်ပစ္စည်းကို ဘယ်သေတ္တာမှာ ဘယ်အချိန်မှာ ရွေးပါဆိုပြီး အွန်လိုင်းကနေ QR Code ပို့ပေးလိုက်တယ်... အဲ့ဒီစာတိုက်သေတ္တာမှာ QR Code ကို Scan ဖတ်ပြီး ဖွင့်ပြီး ကိုယ့်ရဲ့ပါဆယ်ချောထုတ်ကို ယူသွားလိုက်ရုံပဲ...
🔘 Taxi လောကမှာဆိုရင်လဲ U Ber တို့ Grab တို့က ကားတစ်စီးမှ ရင်းနှီးထူထောင်စရာမလိုဘဲ ခရီးသည်နဲ့ ချိတ်ဆက်ပေးတဲ့ အွန်လိုင်းစနစ်တွေ... ဟိုတယ်တစ်လုံးမှ မရှိဘဲ ဟိုတယ်လုပ်ငန်းကနေ အကြီးအကျယ် စီးပွားဖြစ်နေတဲ့ Agoda, Booking.com လို စနစ်တွေ အများအပြားက လှေကြီးထိုးရိုးရိုးမဟုတ်တဲ့ ဒုံးပျံစနစ်နဲ့ ငွေရှာတတ်ကြတယ်...
▪️ ခေတ်စနစ်နဲ့ ဖြစ်ပေါ်လာမယ့် စီးပွားရေး ရေစီးကြောင်းတွေကို ကြိုတင်လေ့လာ တွက်ချက်ပြီး ဘယ်လိုပုံစံနဲ့ ရှေ့ဆက်ရွေ့မယ်ဆိုတဲ့ စီးပွားရေး မဟာဗျူဟာတွေကို သေချာ သုံးသပ်ရေးဆွဲပြီးမှ ကမ္ဘာ့စီးပွားရေးရေစီးကြောင်းမှာ လိုက်ပါ စီးမြောလေ့ရှိကြတာကို လေ့လာတွေ့ရှိရတယ်...
🔘 အဲ့ဒါနဲ့တပြိုင်နက်ထဲ Business Development ( စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဌာန) ကလဲ ဒါတွေကို ရေတိုရေရှည်မှာ ပီပီပြင်ပြင် အကောင်ထည်ဖော်ဆောင်နိုင်ဖို့ အောက်က ဌာနခွဲတွေနဲ့ ပူးပေါင်း ချိတ်ဆက်ဆောင်ရွက်ပြီး ဈေးကွက်ထိုးဖောက်ယူတယ်... ပူးပေါင်းဆောင်ရွက်မှုမရှိဘဲ သူတလူ ငါမင်းနဲ့ တာဝန်ယူ တာဝန်ခံမှု မရှိရင်လဲ ရှေ့ရောက်မှာကို မဟုတ်တော့ဘူး... ဒါတွေကို ပေါင်းစပ်ညှိနှိုင်းပေးရတာ... နောက်ပြီး လက်တမ်းလျှောက်ပြော... လျှောက်လုပ်တာမျိုး... စိတ်ကူးပေါက်ရင် ပေါက်သလို ထလုပ်တာမျိုး မဟုတ်ဘဲ Case Study တွေ... Market ရဲ့ Target တွေကို သေချာတွက်ချက်ပေးကြရတယ်... ဥပမာအားဖြင့် လက်ရှိ မြန်မာ့စီးပွားရေး ပကတိ အခြေအနေက ဘယ်လို... ကမ္ဘာ့ စီးပွားရေး ရေစီးကြောင်းကဘယ်လို စသဖြင့် လမ်းလွဲသွားရင် အချိန်ကြာတယ်... ပင်ပမ်းမယ်... ဒါတွေကြောင့်မို့ ကုမ္ပဏီတွေမှာ ဒီလို ဌာနတွေ ထားရှိလာကြတယ်...
🔶 ခုနောက်ပိုင်း ကမ္ဘာ့စီးပွားရေးဟာ ဒုံးပျံအလျင်မက တိုးတက်ပြောင်းလဲနေတော့ လှေကြီးထိုး ရိုးရိုးသွားနေရင် မိရိုးဖလာ ရိုးရာစီးပွားရေးလုပ်ငန်းတွေ တဖြေးဖြေး ဈေးကွက်ပျောက်လာမှာကိုလဲ စိုးရိမ်မိတယ်...
🔷 Strategy & Business Development Department တွေ ကို ကျွမ်းကျင်ပညာရှင်တွေနဲ့ သေချာ စနစ်တကျ ဖွဲ့စည်းပြီး ရှေ့သို့လှမ်းချီရင် ထော်လာဂျီ speed ကနေ ဒုံးပျံ speed ဖြစ်ဖို့ရာ အသာလေး...

Credit To : Zin Min Swe 


Comments

Popular posts from this blog

မိုဘိုင်းဖုန်းနဲ့ဓာတ်ပုံရိုက်တဲ့အခါ မှားတတ်တဲ့အလေ့အထများ

မိုဘိုင်းဖုန်းနဲ့ ဓာတ်ပုံရိုက်ကူးတဲ့အခါမှာ အချို့ပုံကောင်းတွေမရဘဲ သူများဓာတ်ပုံတွေက ဘာလို့ပိုလှနေလဲဆိုပြီး ခံစားမိတတ်တဲ့ အချိန်တွေ ရှိတတ်ပါတယ်။ ရိုက်ကူးတဲ့ နေရာအတူတူ၊ သုံးတဲ့ မိုဘိုင်းဖုန်းလည်း အတူတူနဲ့ အခြားသူ ရိုက်ကူးတဲ့ပုံက ကိုယ့်ပုံထက် ပိုမိုက်နေတာကို တွေ့ကြရပြီး ဘာကြောင့်လဲဆိုပြီး ကိုယ့်ကိုယ်ကို မေးတတ်ကြပါတယ်။ ဒါဟာ ဓာတ်ပုံပညာမှာ အချို့ မလုပ်သင့်တဲ့ ဝိသေသလေးတွေကို ကိုယ်က သတိမထားဘဲ လုပ်လိုက်မိလို့ သူများကကိုယ့်ထက် အနည်းလေးဓာတ်ပုံပညာ သိထားတာကြောင့် အချို့နေရာတွေမှာ ဓာတ်ပုံကောင်း တစ်ပုံသူတို့ရရှိ သွားကြတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုမဖြစ်ရ လေအောင် ဓာတ်ပုံပညာမှာ သိထားရမယ့် အခြေခံ အကြောင်းအချက် အချို့ကို ဝေမျှလိုပါတယ်။ Horizontal မျဉ်းတွေ ရေပြင်ညီဖြစ်အောင် မရိုက်ကူးခြင်း အချို့ဓာတ်ပုံကောင်းတွေမှာ မျဉ်းကြောင်းတွေဟာ အလွန်အရေးပါတာကို တွေ့ရပါတယ်။ ပင်လယ်ပြင်ကြီးကို နောက်ခံထားရိုက်ကူးတဲ့ အခါမှာ ရေပြင်ညီမျဉ်းကြောင်းဖြစ်ဖို့က အထူးအရေးကြီးပါတယ်။ အချို့သော တံတားတွေ ရိုက်ကူးတဲ့အခါမှာ မျဉ်းပြိုင်ဖြစ်နေတဲ့ တံတားဘောင်တွေ၊ ဓာတ်တိုင်တွေ၊ ဆိုင်းဘုတ်တွေ စတာတွေကို ရိုက်ကူးတဲ့ အခါမှာ မျဉ်းကြောင်

Personal Branding ဆိုတာ

တချို့လူတွေက မိမိတော်ကြောင်း တတ်ကြောင်း ထုတ်ဖော်ကြွားဝါးတတ်ကြတယ်။ မိမိ အာဏာ၊လုပ်ပိုင်ခွင့်သုံးပြီး ဘယ်လောက်လုပ်နိုင်တယ်ဆိုတာကို Branding လို့ထင်နေကြတယ်။ တကယ်တော့ အဲ့အရာက တက်တက်စင်လွဲပါတယ်။ Branding အစစ်မှန်က ဘာလဲ… " Personal Branding ဆိုတာ မိမိအခန်းထဲမှာ မရှိတဲ့နောက် အခြားလူတွေပြောကြတဲ့ ကိုယ့်အကြောင်းတဲ့"   Credit To ; ပေါင်းသင်းဆက်ဆံမူစွမ်းရည်

Coffee , Marketing point view ?

အမှန်တော့ ဒီသတင်းက ၂၀၁၆ တည်းက အဟောင်းပါ။ မြန်မာပြည်ရဲ့ ၄၂ % ဆိုတာ တစ်ဝက်နီးပါးပဲ။ ဒီဈေးကွက်ကြီးက မသောက်ရမနေနိုင်အောင် စွဲလမ်းနေပြီဆိုတော့ ခိုင်မာတဲ့ ဈေးကွက်လို့ အကြမ်းမျဉ်း ယူဆလို့ရပြီ။ နောက်ကျန်တဲ့ ၅၈% ထဲကနေလည်း အမြဲမဟုတ်တောင်မှ တစ်ခါတစ်လေ သောက်သူက ၁၀% လောက်တော့ ရှိဦးမယ်။ ကိုင်း . . . Marketing Point of View အရ ကျွန်တော်တို့ ဘာလုပ်လို့ရမလဲ။ . . . ကျွန်တော် စဉ်းစားမိထားတာလေးတွေကို နောက်နေ့ နံနက် ၉ နာရီမှာ Post Edit လုပ်ပြီး တင်ပေးထားပါ့မယ်။ အဖြေမှန်လား မမှန်လား ၊ idea အသစ်ဖြစ်လား မဖြစ်လား သိချင်ရင်တော့ Comment လေးတွေ ချန်ထားပြီး ဦးနှောက်ကို အလုပ်ပေးကြတာပေါ့။ Noti ယူခဲ့မယ်ဆိုလည်း Noti ဆိုတာလေးတော့ ရေးပေးခဲ့ပါဦး။ ================ ဟုတ်ကဲ့ အားလုံးဖြေထားတဲ့ အဖြေတွေကို သုံးသပ်ကြည့်ရင် ထုတ်လုပ်ရေးဖြစ်တဲ့ ကော်ဖီထုတ်လုပ်ရေးလုပ်ငန်းရယ် ၊ ဝန်ဆောင်မှု လုပ်ငန်းဖြစ်တဲ့ ကော်ဖီဆိုင်ရယ်ကို အဓိက ဦးတည်ထားတာ တွေ့ရပါတယ်။ ဒါတွေဟာ ဈေးကွက်ထဲကို တိုက်ရိုက်ဝင်ရောက် ပြိုင်ဆိုင်တဲ့ သဘောပါ။ ကျွန်တော့်ရဲ့ ဓာတ်ပုံလေးကို တစ်ချက်ပြန်ကြည့်ရင် ပြည်တွင်း ကော်ဖီတံဆိပ်တစ်ခုရယ် ပြည်ပကော်ဖီ တံဆိပ်နှစ်ခုရယ်ကို ေ