Skip to main content

ကျွန်တော်ဘာလို့ စာရေးတာလဲ

လူဆိုပြီးတော့အသိစိတ်ရှိတဲ့အချိန်ကတည်းက စာအုပ်တွေနဲ့ ကြီးပြင်းခဲ့ရပါသည်။ ငယ်စဉ်အချိန်က မိသားစုအသိုင်းအ၀ိုင်းသည် စာအုပ်အငှားဆိုင်လေးကိုဖွင့်ထားခဲ့ပါသည်။ အိမ်နှင့်လည်းနီးသောကြောင့်
စာအုပ်တွေက ကျွန်တော့်အတွက်လွယ်ကူစွာယူနိုင်ပြီးဖတ်ရှုနိုင်ခဲ့ပါသည်။ စာမဖတ်တတ်ခင်ကတည်းက ဘိုဘိုကာတွန်းစာအုပ်တွေနှင့် ကြီးပြင်းခဲ့ရပါသည်။ စာရေးလည်းသင်ပြီးသည့်နောက်ပိုင်းတွင် ကာတွန်းစာအုပ်များကို ဆက်တိုက်ဖတ်လာခဲ့ပါသည်။ သူငယ်တန်းကျောင်းစ မတက်ခင်ကတည်းကကို စာကောင်းကောင်းဖတ်နိုင်ခဲ့ပါသည်။
ငယ်ငယ်တုန်းက အမြဲတမ်းလိုလိုမီးပျက်နေခဲ့ပါသည်။ အချိန်ကို ကာတွန်းစာအုပ်တွေ ၊ မင်းမြတ်သူရ ၊ မင်းသိက္ခ ၊ ရွှေဥဒေါင်း ၊ လင်းယုန်မောင်မောင် ၊ တြိစက္က ၊ တြိသိက္ခ စတဲ့စာရေးဆရာတွေရေးသောစာအုပ်တွေဖြင့် အချိန်ကုန်ခဲ့ရပါသည်။
ရွှေဥဒေါင်းရေးသော ကလီယိုပက်ထရာစာအုပ်ကနေစပြီး နိုင်ငံရပ်ခြားကို စတင်စိတ်ဝင်စားလာခဲ့ပါသည်။ နပိုလီယန်နှင့်သူဧ။်ဗိုလ်ချုပ်များ စာအုပ်ကိုဖတ်ပြီး ဥရောပတိုက်အကြောင်းကို အရမ်းစိတ်ဝင်စားလာခဲ့ပါသည်။
တြိစက္ကရေးသော တိဗက်ကနန်းတော်များအကြောင်းကိုဖတ်ပြီး အရမ်းသွားလည်ချင်ခဲ့မိပါသည်။ ကျွန်တော့်အတွက် စာအုပ်တွေကို လွယ်လွယ်ကူကူဖတ်ရှုနိုင်ခဲ့ပြီး စာအုပ်ငှားခလည်းလုံးဝပေးစရာမလိုခဲ့ပါ။
နိုင်ငံရပ်ခြားက သမိုင်းစာအုပ်တွေကို အရမ်းဖတ်ခဲ့ပြီး စာအုပ်ဆိုင်လေးနှင့်အားမရလို့  ဂန္ဒီ ၊ ဗြိတိသျှဝန်ကြီးချုပ် ၀င်စတန်ချာချီပာင်းလ်စတဲ့စာအုပ်တွေကို ပန်းဆိုးတမ်းကစာအုပ်ဆိုင်တွေဆီကိုသွားပြီး စာအုပ်တွေဝယ်ပြီးတော့တောင် ဖတ်ခဲ့ပါသည်။ ကြီးပြင်းခဲ့သောနေရာက ပန်းဆိုးတမ်းလမ်းနှင့်လည်း နီးသည့်အတွက် စာပေလောက စာအုပ်ဆိုင် ၊ အင်းဝစာအုပ်ဆိုင်စတဲ့ စာအုပ်ဆိုင်တွေကအစ လမ်းဘေးတွင်ခင်းပြီးရောင်းချနေသောစာအုပ်ဆိုင်တွေဆီကိုလည်း လွယ်လွယ်ကူကူသွားရောက် ဖတ်ရှု ၊ ၀ယ်ယူနိုင်ခဲ့ပါသည်။ နိုင်ငံရပ်ခြားအကြောင်းကို ငယ်ငယ်လေးကတည်းက အရမ်းစိတ်ဝင်စားခဲ့ပါသည်။ ၀င်စတန်ချာချီအကြောင်းဖတ်တော့ အင်္ဂလိပ်တွေက မြန်မာနိုင်ငံအပြင် အာဖရိကတွင်လည်း သူများနိုင်ငံကိုဝင်သိမ်းပြီး အုပ်ချုပ်နိုင်ခဲ့တာပဲ။ အင်္ဂလိပ်တွေရဲ့ လွှမ်းမိုးမှုက ကမ္ဘာကြီးပေါ်တွင်အရမ်းကျယ်ပြန့် တာပဲ။ နည်းပညာကလည်း အရမ်းတိုးတက်တာပဲ။ ငါတို့ မြန်မာနိုင်ငံကကော ဘာလို့ အင်္ဂလိပ်တွေလို တင့်ကားတွေမထုတ်နိုင်ခဲ့တာလဲ။ မြန်မာတွေနဲ့ အင်္ဂလိပ်တွေက လက်နက်အင်အားချင်းမမျှလို့ အင်္ဂလိပ်တွေက သီပေါမင်းတပ်တွေကို အနိုင်ရပြီး မြန်မာနိုင်ငံကိုသိမ်းပိုက်ခဲ့တယ်ဆိုပေမဲ့ ဘာလို့ မြန်မာဘက်က အင်္ဂလိပ်တွေလို သေနတ် ၊ အမြှောက်တွေမရှိရတာလဲဆိုတာတွေကို အရမ်းစိတ်ဝင်စားခဲ့ပါသည်။ နောက်တော့ မြန်မာပြည်တွင် စက်မှုတော်လှန်ရေးမထွန်းကားခဲ့လို့ အင်္ဂလိပ်တွေကို မယှဉ်နိုင်ခဲ့တာ သိခဲ့ရပါသည်။ အင်္ဂလန်တွင် စက်မှုတော်လှန်ရေးထွန်းကားပြီး စက်ပစ္စည်းတွေကိုအသုံးချပြီး နည်းပညာတွေတိုးတက်လာပါသည်။ မြန်မာဘုရင်ဘက်က ဓားတွေ ၊ လှံတွေ ၊ မြင်းဘဲ စီးနိုင်ချိန် အင်္ဂလိပ်ဘက်က စက်တပ်ထားတဲ့သဘောင်္ ၊ အင်္ဂလန်တွင်လည်း မီးရထားကိုအောင်မြင်စွာ ဖန်တီးနိုင်ခဲ့ ၊ တပ်တစ်ခုလုံးကလည်း သေနတ်တွေပဲကိုင် ၊ အမြောက်တွေလည်းသုံးနိုင်တာကြောင့်လို့ နားလည်လိုက်ရတော့ အရမ်းကိုအင်္ဂလိန်နိုင်ငံသမိုင်းအကြောင်းအရမ်းစိတ်ဝင်စားခဲ့ရပါသည်။ ကျွန်တော်ငယ်ငယ်ကဘ၀တစ်ခုလုံးကို စာအုပ်တွေနှင့်ကြီးပြင်းခဲ့ရပါသည်။ စာအုပ်တွေဖတ်ရင်း စာရေးတာလဲစတင်စိတ်ဝင်စားလာခဲ့ပါသည်။
ဆားပုလင်းနှင်းမောင်ကနေ ဇာတ်ကောင်တွေကိုဖမ်းမိပြီးတဲ့အခါ ဇာတ်ကောင်တွေအကြောင်းကို အစကနေရှင်းပြတဲ့ စာရေးသားပုံစံကိုအရမ်းကြိုက်ခဲ့ပြီး သူ့ လိုစိတ်ကူးယဉ် ၀တ္ထုတွေစတင်ရေးလာခဲ့ပါသည်။ စာမျက်နှာ အလွတ်ပေါ်တွင် စိတ်ကူးယဉ်ပြီး တစ်ပြိုင်ထဲလက်ကလည်း လိုက်ရေးခဲ့ပါသည်။ ရာသီဥတုအကြောင်းဖွဲ့ ထားသော ကဗျာတွေ ၊ အချစ်အကြောင်းကဗျာတွေလည်း စတင်ရေးလာခဲ့ပါသည်။ လုံးဝစိတ်ကူးယဉ်ရေးထားတဲ့ ၀တ္ထုတွေကိုလည်း အရှည်ကြီးကိုယ့်ပာာကိုယ်ရေးရင်း တစ်နေ့ တော့ စာအုပ်ထုတ်ချင်တဲ့စိတ်တွေ ပေါ်ပေါက်လာခဲ့ပါသည်။ စာရေးဆရာတွေရေးထားတဲ့ စာအုပ်တွေကို အသစ်ထွက်တိုင်းဖတ်လာခဲ့တာကြောင့် ငါလည်းတစ်နေ့ ကျရင် ငါ့စာအုပ်ထုတ်ချင်တယ်လို့ စိတ်ကူးတွေပေါ်ပေါက်လာခဲ့ပါသည်။ အင်္ဂလိပ်စာသင်တန်းတက်ပြီး ထိုသင်တန်းက စာကြည့်တိုက်တွင် စာကြည့်တိုက်ကတ်ဒ်ရသောအခါ အင်္ဂလိပ်နိုင်ငံက ပညာရေးအကြောင်းတွေကိုစတင်ဖတ်ရှုလာခဲ့ပါသည်။ ဖတ်ဖူးခဲ့သော စာရေးဆရာတစ်ယောက် ရေးသောစာအရေးအသားပုံစံသည် အရမ်းစိတ်ဝင်စားဖို့ ကောင်းပြီး အင်္ဂလန်နိုင်ငံကပညာရေးကို အရမ်းစိတ်ဝင်စားလာခဲ့ပါသည်။
ဘ၀အပြောင်းအလဲအခြေအနေကြောင့် အမေရိကန်ပြည်ထောင်စုသို့ ပညာသင်ခွင့်ရခဲ့ပြီးနောက် မြင်သမျှခံစားရသမျှက ၊ တွေ့ ကြုံရတာတွေက အရမ်းကိုအထူးအဆန်းဖြစ်နေခဲ့ပါသည်။ အမေရိကန်ပြည်ထောင်စုသို့ စရောက်ခါစအချိန်တွင်လည်း စာတွေကိုပိုတောင်ရေးဖြစ်ခဲ့ပါသည်။ အင်္ဂလိပ်စာကလည်း ကောင်းကောင်းမတတ် ၊ သူငယ်ချင်းလည်းမရှိခဲ့တာကြောင့် အားလပ်ချိန်တွေတွင် ကိုယ့်ပာာကိုယ် စိတ်ကူးယဉ်ကဗျာတွေ ၊ ၀တ္ထုတွေကို မှတ်စုစာအုပ်တွင်ရေးပြီးသိမ်းထားခဲ့ပါသည်။ ထိုအချိန်ကစလို့ စာရေးတာအကျင့်ဖြစ်လာပါသည်။ ငယ်ငယ်လေးက စာကိုပဲအဓိကထားဖတ်ဖြစ်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုရောက်သည့်နောက်ပိုင်းတွင် စာရေးတာအကျင့်ဖြစ်လာခဲ့ပါသည်။
တစ်ချိန်ထဲတွင် ကျောင်းတွင် အသစ်အဆန်းတွေကို ဆရာမတွေပြောတာကြားရ ၊ ကျောင်းတွင်မြင်ရ ၊ အတန်းဖော်တွေပြောတာကြားရ တာတွေကြောင့် စိတ်ဝင်စားလာခဲ့ပါသည်။ Microscope ( သေးမွှားသည့်အရာများကို အကျယ်မြင်နိုင်သည့်မှန်ဘီလူး ) ကို ငယ်ငယ်ကစာထဲတွင်ကျက်ဖူးခဲ့ပါသည်။ အခုတော့ သိပ္ပံအခန်းတွင် တကယ်လက်တွေ့ ကိုင်နိုင်ခဲ့လို့ အရမ်းအံ့သြခဲ့ပါသည်။ ငယ်ငယ်ကသိပ္ပံဆိုရင် ကျက်ပဲကျက်ရပြီး အမှန်အတိုင်းဝန်ခံရရင် ကိုယ့်ပာာကိုဘာကျက်နေတယ်ဆိုတာတောင် နားမလည်ခဲ့ပါ။ အမေရိကန်ပြည်ထောင်စုတွင် သိပ္ပံသင်တဲ့အခါ လက်တွေ့ လုပ်ရပါသည်။ လက်တွေ့ လုပ်ရတာ လွယ်လွယ်ကူကူနဲ့ နားလည်စေပါသည်။ ဖတ်စာအုပ်ထဲတွင် စာတွေရေးထားတာတွေက နားလည်ဖို့ ခက်ခဲပြီး တကယ်လုပ်ရတော့ ခဏလေးနဲ့ နားလည်စေတာ သတိထားမိပါသည်။ ကျွန်တော့်အတွေ့ အကြုံများကို စာရေးပြီး သူငယ်ချင်းတွေကိုပြောပြချင်မိခဲ့ပါသည်။ ဖုန်းပြောတဲ့အခါ ကျွန်တော့်အတွေ့ အကြုံတွေကို ပါးစပ်ကနေပဲ ပြောပြခဲ့ပြီး အချိန်မရလို့ စနစ်တကျစာတွေတော့ မရေးဖြစ်ခဲ့ပါ။ ဆက်လက်ပညာသင်ကြားသောနှစ်များတွင် စာအုပ်များဖတ်ရလို့ အသိအမြင်တွေကျယ်ပြန့် လာပြီး ၊ ကျောင်းတွင်လည်းသင်ရတာကြောင့် အသိအမြင်တွေပိုကျယ်လာတာကို သတိထားမိခဲ့ပါသည်။ ကျွန်တော့်အတွေ့ အကြုံတွေကို သူငယ်ချင်းတွေကိုပြောပြချင်တာကြောင့် အလိုလိုကို စိတ်ကူးထဲတွင် ပြောပြနေမိပါသည်။ တစ်ချိန်ထဲတွင် အမေရိကန်ပြည်ထောင်စုနှင့် မြန်မာနိုင်ငံအရမ်းကို ကွာခြားကြောင့်သတိထားမိပါသည်။ Where are you from? (မင်းဘယ်ကလာလဲ)လို့ လူတွေကမေးတဲ့အခါ ငါမြန်မာနိုင်ငံကလာတယ် ပြောတာလူတွေက ထိုနိုင်ငံဘယ်နားမှာလဲ။ ငါတစ်ခါမှမကြားဖူးဘူး။ မြေပုံကိုပြပြီး လက်ညိုးနဲ့ ထိုးပြမှ ဘယ်မှာဆိုတာသူတို့ ကသိတော့တယ်။ မသိဘူးပြောတိုင်း ၊ ဘယ်နားမှာလဲမေးတိုင်း စိတ်ထဲတွင် ဒေါသတွေအရမ်းထွက်ခဲ့မိပါသည်။ ဘာလို့ မြန်မာနိုင်ငံကိုမသိတာပါလိမ့်။ Thailand ကျတော့သိတယ်။ ငါတို့ မြန်မာနိုင်ငံ ဘာလို့ မသိတာတုန်း။ မြန်မာနိုင်ငံကို လူသိများသောနိုင်ငံဖြစ်စေချင်ခဲ့ပါသည်။ သမိုင်းဘာသာရပ်က ခေါင်းဆောင်တွေဧ။် အတ္ထုပတ္ထိတွေဖတ်ရင်း နိုင်ငံရေးခေါင်းဆောင်တွေကို အရမ်းလေးစားခဲ့ပါသည်။ ရုရှားနိုင်ငံကို အနောက်ဥရောပကိုမှီအောင် ပြောင်းလဲပြီးကြိုးစားခဲ့သော ရုရှားဘုရင် Peter the Great ကို အရမ်းလေးစားခဲ့မိပါသည်။ သူ့ အကြောင်းဖတ်နေရင်း ကျွန်တော့်စိတ်ထဲတွင်လည်း သူ့ လိုပဲမြန်မာနိုင်ငံကိုပြောင်းလဲစေချင်သည်ပာု စိတ်ကူးလေးတွေ တစ်ဖြတ်ဖြတ်ပေါ်ပေါက်ခဲ့ပါသည်။ အစတုန်းက ကျွန်တော့်သူငယ်ချင်းတွေကိုပြောပြချင်မိခဲ့ပါသည်။ နောက်တော့ ကျွန်တော့်ရည်မှန်းချက်တွေပိုကြီးလာပါသည်။ မြန်မာတစ်နိုင်ငံလုံးကို အမေရိကန်ပြည်ထောင်စုလို့ ဖြစ်အောင်ပြောင်းလဲချင်မိခဲ့သည်အထိ တွေးမိခဲ့ပါသည်။ အမေရိကန်ပြည်ထောင်စုဧ။် ဒီမိုကရေစီအစိုးရစနစ် ၊ စာကြည့်တိုက်များ ၊ သိပ္ပံနည်းကျကျတွေးခေါ်နည်းများ ၊ ဆရာ ၊ ဆရာမကနေသင်နည်းများ ၊ စာသင်ထောက်ကူပစ္စည်းပြည့်ဝခြင်းများတွေကို မြန်မာနိုင်ငံကိုရောက်စေချင်ခဲ့ပါသည်။ ကျွန်တော်စိတ်ကူးသည် မြန်မာတစ်နိုင်ငံလုံးကို အမေရိကန်ပြည်ထောင်စုလိုဖြစ်စေချင်သည့်ပုံစံ ရောက်လာခဲ့ပါသည်။ ထိုသို့ ကူးပြောင်းရာအချိန်ကာလတုန်းက အမေရိကန်ပြည်ထောင်စု သမိုင်းစာသင်ခန်းများတွင် အစိုးရကိုတိုက်ရိုက်ဝေဖန်နေတဲ့ ကျွန်တော့်လို ဆယ်ကျော်သက်အတန်းဖော်တစ်ယောက်ကို အရမ်းအံ့သြခဲ့ပါသည်။ မြန်မာနိုင်ငံမှာတုန်းက အစိုးရကိုဝေဖန်လို့ မရခဲ့ပါဘူး။ ဝေဖန်မယ်ပုံစံ စကားပြောရာတွင်ပေါက်လာတိုင်း ဆရာမကနေ ရှုး…ဆိုပြီးပဲကျောင်းသားတွေကို ပိတ်လိုက်တာကိုယ်တွေ့ ကြုံရခဲ့ပါသည်။ အခုတော့ ဆရာကနေ ကျောင်းသားကို အစိုးရကိုဝေဖန်ခိုင်းနေတာ အရမ်းအံ့သြခဲ့ပါသည်။ ဒီနိုင်ငံတွင် ပြောချင်ရာပြောဆိုပိုင်ခွင့်ရှိသည်ပာု ဖတ်စာအုပ်ထဲတွင်ဖတ်ခဲ့ရသလို တကယ်လုပ်နေတာမြင်တော့ အံ့သြခဲ့ရပါသည်။ မကြိုက်ရင် ဆန္ဒပြမယ်ဆိုပြီး ကျောင်းသား ၊ ကျောင်းသူတွေက ဆရာကိုပြန်ပြီး ဆန္ဒပြနေတာမြင်တော့လည်း အရမ်းအံ့သြခဲ့ရပါသည်။ မြန်မာနိုင်ငံတုန်းက ဆရာဆိုတာလေးစားရပြီး ဆရာကဒါဆိုဒါပဲလုပ်လို့ ပြောတာနဲ့ အကုန်တိတ်သွားပါသည်။ အခုပာာက ဆရာတစ်ယောက်ကို ကျောင်းသား ၊ ကျောင်းသူတစ်ချို့ ကမလုပ်နိုင်ဘူးလို့ တိုက်ရိုက်ဆန့် ကျင့်ဆန္ဒပြတာအရမ်းအံ့သြခဲ့ရပါသည်။ တစ်ခုခုဖြစ်နေတာ မကြိုက်ရင် မကြိုက်ဘူး။ ပြောင်းပေးပါလို့ တိုက်ရိုက်ပြောတယ်။ ပြောင်းလဲဖို့ ကြိုးစားနေတဲ့သူတွေကို ကြည့်ပြီးအရမ်းအံ့သြခဲ့ပါသည်။ ဆန္ဒပြခြင်း ၊ အစိုးရကိုတိုက်ရိုက်ဝေဖန်ခြင်း ၊ ဆရာကိုယ်တိုင်က ဝေဖန်အောင် ဘာလို့ ဒီလိုဖြစ်နေတယ်လို့ ထင်လဲဆိုတာမေးခြင်း ၊ မီဒီယာတွင်လည်း ၀ါရှင်တန်က အစိုးရလုပ်နေတာတွေကို မကြိုက်ကြောင်းကို တီဗီတွင်ပွင့်လင်းစွာပြောခြင်း ၊ သမ္မတရွေးကောက်ပွဲကာလတွေတွင်လည်း သမ္မတလောင်းကို လုံးဝမကြိုက်ကြောင်းကို အတိအလင်း ၊ အဖွဲ့ လိုက်ကြီးနဲ့ ကို ဝေဖန်တာတွေကိုကြည့်ပြီး လူတွေကနေပဲသူတို့ ဖြစ်ချင်တာကို ဖြစ်အောင်လုပ်နေကြတာပဲဆိုတာကို တွေ့ မြင်ခဲ့ရပါသည်။
ကျွန်တော့်ကို နက်နက်နဲနဲစဉ်းစားစေခဲ့တာတစ်ခုက အမေရိကန်သမ္မတအေဗရာပာင်လင်ကွန်းပြောခဲ့သော Gettysburg မိန့် ခွန်းဖြစ်ပါသည်။ မိန့် ခွန်းထဲကအကြိုက်ဆုံးစာကြောင်းသည် that this nation shall have a new birth of freedom, and that government of the people, by the people, for the people shall not perish from the earth. ( ဒီနိုင်ငံသည် အသစ်တစ်ဖန်ပြန်လည်မွေးဖွားလာသော လွတ်လပ်ရေးကိုရမည် ၊ ထိုအစိုးရသည် ပြည်သူများဧ။်အစိုးရ ၊ ပြည်သူတွေကနေတင်မြှောက်လိုက်သောအစိုးရ ၊ ထိုအစိုးရသည်ပြည်သူတွေအတွက် စသည်တို့ သည် ဒီကမ္ဘာမြေကြီးပေါ်ကနေ မပျောက်ကွယ်စေရဘူး။ ) ဆိုတာပင်ဖြစ်ပါသည်။
ကျွန်တော့်ကိုနားလည်စေခဲ့တာကတော့ လုပ်ရင် ဖြစ်သည်။ ပြောင်းလဲနိုင်စွမ်းအားသည် လူတွေတွင်သာရှိသည်။ လူကလုပ်ရင်ဖြစ်သည်။ တိုင်းပြည်တစ်ပြည်ဆိုတာ မိုးပေါ်ကနေကျလာတာမပာုတ်ဘူး။ လူတွေကနေပဲ ပြန်လည်တည်ဆောက်ခဲ့ကြတာ။ လူတွေဧ။် စဉ်းစားတွေခေါ်နိုင်စွမ်း ၊ အသိအမြင်တွင် ကျယ်ပြန့် ကာ အနာဂတ်ကို ကြိုမြင်နိုင်ခြင်း ၊ စိတ်ဓာတ်တွင် ဇွဲရှိခြင်း ၊ ပြတ်သားခြင်း ၊ အကျင့်စာရိတ္တတွင် စည်းကမ်းရှိခြင်း ၊ အကျင့်ကောင်းတွေရှိခြင်း တို့ နှင့် တည်ဆောက်ကြတာပာု နားလည်စေခဲ့ပါသည်။
ထို စဉ်းစားတွေခေါ်နိုင်စွမ်း ၊ အသိအမြင်ကျယ်ပြန့် ခြင်း ၊ စိတ်ဓာတ် ၊ အကျင့်စာရိတ္တ စတဲ့ (၄)ခုရှိမှ မြန်မာနိုင်ငံကို အမေရိကန်ပြည်ထောင်စုလိုဖွံ့ ဖြိုးတိုးတက်လာအောင် တည်ဆောက်နိုင်တာကြောင့် ထို(၄)ခုစလုံးကို မြန်မာနိုင်ငံတွင်းရှိသော ပြည်သူအများ အသိပညာတိုးပွားစေရန်ရည်ရွယ်၍ စာရေးမယ်လို့ ရွေးချယ်ခဲ့ပါသည်။
ကျွန်တော်မြန်မာစာကို (၇)တန်းထိသာ သင်ကြားခဲ့ပေမဲ့ ကျွန်တော်တတ်နိုင်သလောက်စွမ်းရည်နဲ့ သိသမျှ ၊ နားလည်သမျှကို မြန်မာလိုရေးပြီး မြန်မာနိုင်ငံအတွင်းနေထိုင်နေကြသော မြန်မာပြည်သူ ၊ ပြည်သားတွေအားလုံးသိအောင် မျှဝေချင်ပါသည်။ စာအရေးအသားတွင် အားနည်းချက်များရှိပါက ခွင့်လွှတ်ပါ။ ဒီထက်ပိုပြီးတိုးတက်အောင် ကြိုးစားသွားပါမည်။ လူတိုင်းနားလည်နိုင်အောင် လွယ်ကူသောစကားလုံးများ ၊ အရေးအသားများနှင့် တတ်နိုင်သလောက် ရေးသားသွားပါမည်။
Credit To : ကျော်ထွန်း


Comments

Popular posts from this blog

မိုဘိုင်းဖုန်းနဲ့ဓာတ်ပုံရိုက်တဲ့အခါ မှားတတ်တဲ့အလေ့အထများ

မိုဘိုင်းဖုန်းနဲ့ ဓာတ်ပုံရိုက်ကူးတဲ့အခါမှာ အချို့ပုံကောင်းတွေမရဘဲ သူများဓာတ်ပုံတွေက ဘာလို့ပိုလှနေလဲဆိုပြီး ခံစားမိတတ်တဲ့ အချိန်တွေ ရှိတတ်ပါတယ်။ ရိုက်ကူးတဲ့ နေရာအတူတူ၊ သုံးတဲ့ မိုဘိုင်းဖုန်းလည်း အတူတူနဲ့ အခြားသူ ရိုက်ကူးတဲ့ပုံက ကိုယ့်ပုံထက် ပိုမိုက်နေတာကို တွေ့ကြရပြီး ဘာကြောင့်လဲဆိုပြီး ကိုယ့်ကိုယ်ကို မေးတတ်ကြပါတယ်။ ဒါဟာ ဓာတ်ပုံပညာမှာ အချို့ မလုပ်သင့်တဲ့ ဝိသေသလေးတွေကို ကိုယ်က သတိမထားဘဲ လုပ်လိုက်မိလို့ သူများကကိုယ့်ထက် အနည်းလေးဓာတ်ပုံပညာ သိထားတာကြောင့် အချို့နေရာတွေမှာ ဓာတ်ပုံကောင်း တစ်ပုံသူတို့ရရှိ သွားကြတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုမဖြစ်ရ လေအောင် ဓာတ်ပုံပညာမှာ သိထားရမယ့် အခြေခံ အကြောင်းအချက် အချို့ကို ဝေမျှလိုပါတယ်။ Horizontal မျဉ်းတွေ ရေပြင်ညီဖြစ်အောင် မရိုက်ကူးခြင်း အချို့ဓာတ်ပုံကောင်းတွေမှာ မျဉ်းကြောင်းတွေဟာ အလွန်အရေးပါတာကို တွေ့ရပါတယ်။ ပင်လယ်ပြင်ကြီးကို နောက်ခံထားရိုက်ကူးတဲ့ အခါမှာ ရေပြင်ညီမျဉ်းကြောင်းဖြစ်ဖို့က အထူးအရေးကြီးပါတယ်။ အချို့သော တံတားတွေ ရိုက်ကူးတဲ့အခါမှာ မျဉ်းပြိုင်ဖြစ်နေတဲ့ တံတားဘောင်တွေ၊ ဓာတ်တိုင်တွေ၊ ဆိုင်းဘုတ်တွေ စတာတွေကို ရိုက်ကူးတဲ့ အခါမှာ မျဉ်းကြောင်...

Coffee , Marketing point view ?

အမှန်တော့ ဒီသတင်းက ၂၀၁၆ တည်းက အဟောင်းပါ။ မြန်မာပြည်ရဲ့ ၄၂ % ဆိုတာ တစ်ဝက်နီးပါးပဲ။ ဒီဈေးကွက်ကြီးက မသောက်ရမနေနိုင်အောင် စွဲလမ်းနေပြီဆိုတော့ ခိုင်မာတဲ့ ဈေးကွက်လို့ အကြမ်းမျဉ်း ယူဆလို့ရပြီ။ နောက်ကျန်တဲ့ ၅၈% ထဲကနေလည်း အမြဲမဟုတ်တောင်မှ တစ်ခါတစ်လေ သောက်သူက ၁၀% လောက်တော့ ရှိဦးမယ်။ ကိုင်း . . . Marketing Point of View အရ ကျွန်တော်တို့ ဘာလုပ်လို့ရမလဲ။ . . . ကျွန်တော် စဉ်းစားမိထားတာလေးတွေကို နောက်နေ့ နံနက် ၉ နာရီမှာ Post Edit လုပ်ပြီး တင်ပေးထားပါ့မယ်။ အဖြေမှန်လား မမှန်လား ၊ idea အသစ်ဖြစ်လား မဖြစ်လား သိချင်ရင်တော့ Comment လေးတွေ ချန်ထားပြီး ဦးနှောက်ကို အလုပ်ပေးကြတာပေါ့။ Noti ယူခဲ့မယ်ဆိုလည်း Noti ဆိုတာလေးတော့ ရေးပေးခဲ့ပါဦး။ ================ ဟုတ်ကဲ့ အားလုံးဖြေထားတဲ့ အဖြေတွေကို သုံးသပ်ကြည့်ရင် ထုတ်လုပ်ရေးဖြစ်တဲ့ ကော်ဖီထုတ်လုပ်ရေးလုပ်ငန်းရယ် ၊ ဝန်ဆောင်မှု လုပ်ငန်းဖြစ်တဲ့ ကော်ဖီဆိုင်ရယ်ကို အဓိက ဦးတည်ထားတာ တွေ့ရပါတယ်။ ဒါတွေဟာ ဈေးကွက်ထဲကို တိုက်ရိုက်ဝင်ရောက် ပြိုင်ဆိုင်တဲ့ သဘောပါ။ ကျွန်တော့်ရဲ့ ဓာတ်ပုံလေးကို တစ်ချက်ပြန်ကြည့်ရင် ပြည်တွင်း ကော်ဖီတံဆိပ်တစ်ခုရယ် ပြည်ပကော်ဖီ တံဆိပ်နှစ်ခုရယ်ကိုေ...

Personal Branding ဆိုတာ

တချို့လူတွေက မိမိတော်ကြောင်း တတ်ကြောင်း ထုတ်ဖော်ကြွားဝါးတတ်ကြတယ်။ မိမိ အာဏာ၊လုပ်ပိုင်ခွင့်သုံးပြီး ဘယ်လောက်လုပ်နိုင်တယ်ဆိုတာကို Branding လို့ထင်နေကြတယ်။ တကယ်တော့ အဲ့အရာက တက်တက်စင်လွဲပါတယ်။ Branding အစစ်မှန်က ဘာလဲ… " Personal Branding ဆိုတာ မိမိအခန်းထဲမှာ မရှိတဲ့နောက် အခြားလူတွေပြောကြတဲ့ ကိုယ့်အကြောင်းတဲ့"   Credit To ; ပေါင်းသင်းဆက်ဆံမူစွမ်းရည်