ဘဝမှာ ဝမ်းနည်းစရာအကောင်းဆုံးနဲ့ နောင်တရစရာအကောင်းဆုံးစကားတွေရှိတယ်။
အဲဒီစကားတွေက
(၁) ငါ လုပ်ခဲ့သင့်တယ်။
အဲဒီစကားတွေက
(၁) ငါ လုပ်ခဲ့သင့်တယ်။
(၂) တကယ်ဆို ငါ လုပ်သင့်တာကြာခဲ့ပြီလေ။
(၃) တကယ်ဆို အဲ့ဒီအချိန်တုန်း ငါကောင်းကောင်းလုပ်နိုင်ခဲ့တာပေါ့။
(၄) အဲဒီတုန်းက လုပ်ခဲ့ရင် ငါ ဒီအချိန်ကောင်းစားနေလောက်ပြီ။
(၅) ငါသာ နည်းနည်းထပ်ကြိုးစားလိုက်ရင် အမြင့်ဆုံးအခြေအနေရောက်နေလောက်ပြီ။
ဒီစကားတွေကို ကျွန်တော်တို့တွေ မကြာခဏပြောဆိုနေမိကြသလို ဒီစကားတွေအတိုင်းလဲ မကြာခဏကျင့်ကြံမိနေကြတုန်းပဲ။
ဘဝနေဝင်ချိန်ကိုနီးကပ်လာတဲ့ လူတွေကို ဘာတွေနောင်တရမိသလဲဆိုတဲ့အကြောင်းကို ပညာရှင်တွေက သုတေသနအကြီးကြီး လုပ်ပြီး လေ့လာဖူးတယ်။ အများစုက ဘဝမှာ မလုပ်လိုက်ရတဲ့အရာအတွက်သာ နောင်တရကြတယ်။ လုပ်လိုက်ပြီးမှ မအောင်မြင်လို့ရတဲ့ နောင်တဆိုတာ တော်တော်ရှားသတဲ့။
------------
တစ်ခါက ရုရှက နာမည်ကြီး တယောပညာရှင် ဂျက်စဂျာ ဟိုင်းဖက်ဇ်ကို လူတစ်ယောက်က "ခင်ဗျားဟာ သိပ်ကံကောင်းတဲ့ ပါရမီရှင်ပဲ။ ဒီလိုလက်ရည်မျိုးရအောင် ဘယ်သူမှ မလုပ်နိုင်လောက်ဖူး"လို့ဆိုတဲ့အခါ....
"ပါရမီရှင်ဆိုတာမရှိဘူး စဉ်ဆက်မပြတ်ကြိုးစားသူပဲရှိတယ်"
"ကျွန်တော် သုံးရက်မလေ့ကျင့်ရင် ကျွန်တော့် တယောသံပျက်တာကို ပရိတ်သတ်ကသိတယ်"
""ကျွန်တော် နှစ်ရက်မလေ့ကျင့်ရင် ကျွန်တော့် လက်သံကျဆင်းတာကို ပညာရှင်တွေနဲ့ဝေဖန်ရေးသမားတွေကသိတယ်"
""ကျွန်တော် တစ်ရက်မလေ့ကျင့်ရင် ကျွန်တော့်ကိုယ်ကျွန်တော်သိတယ်" လို့ ဟိုင်းဖက်ဇ်က ပြန်ဖြေသတဲ့။
-----------
အင်္ဂလိပ်စကားပုံတစ်ခုရှိတယ်။
အောင်မြင်မှုမှာ ဖြတ်လမ်းဆိုတာမရှိဘူး။ သင်အမြန်ဆုံး အောင်မြင်ချင်တယ်ဆိုရင်တော့ အခုပဲ ကြိုးစားလိုက်ပါ။
Credit To : မှတ်စုကြမ်း nayaung

Comments
Post a Comment