Skip to main content

ကံကောင်းသော သင်

ကမ္ဘာ့လူဦးအား ချုံ့ကြည့်ခြင်း
အမေရိကန် Stanford University ရဲ့ ဆေးဝါးသုတေသနငှာနက မစ္စတာ Phillip Marterဟာ လွန်ခဲ့တဲ့ တစ်နှစ်လောက်က ဖိုရမ်တစ်ခုမှာ ပို့စ်တစ်ခုကို တင်ခဲ့တယ်။ ပို့စ်ရဲ့အကြောင်းရင်းက ကမ္ဘာပေါ် ရှိသမျှလူဦးရေကို ၁ဝဝယောက်လို့ သတ်မှတ်ပြီး အဲဒီအရေအတွက်နဲ့ လူတွေကို အချိုးချကြည့်တာပဲဖြစ်တယ်။

၁) အာရှလူမျိုး ၅၇ ယောက်၊ ဥရောပလူမျိုး ၂၁ ယောက်၊ အမေရိကားလူမျိုး ၁၄
ယောက်၊ အာဖရိကလူမျိုး ၈ယောက်

၂) ယောကျာ်းလေး ၅၂ ယောက်၊ မိန်းကလေး ၄၈ ယောက်

၃) လူဖြူအယောက် ၃ဝ၊ တစ်ခြားအရောင် ၇ဝယောက်

၎) ခရစ်ယာန် ကိုးကွယ်သူ ၃ဝ ယောက်၊ အခြားဘာသာကိုးကွယ်သူ ၇ဝ ယောက်

၅) လိင်ကွဲချစ်ကြိုက်သူ ၈၉ ယောက်၊ လိင်တူချစ်ကြိုက်သူ ၁၁ ယောက်

၆) ၅၉% ရှိတဲ့ ပစ္စည်းဥစ္စာပိုင်ဆိုင်သူ ၆ယောက်၊ အဲဒီ ၆ယောက်လုံးက
အမေရိကားသားတွေဖြစ်တယ်။

၇) ထင်သလို ဖြစ်မလာတဲ့ အိမ်ထောင်ရေး အယောက် ၈ဝ

၈) စာမတတ်သူ ၇ဝ ယောက်

၉) အာဟာရ မပြည့်ဝသူ ၅ဝယောက်

၁ဝ) သေခါနီးဆဲဆဲ ၁ယောက်၊ မွေးဖွားနီးဆဲဆဲ ၁ ယောက်

၁၁) ဘွဲ့ရသူ ၁ယောက်

၁၂) ကွန်ပြူတာ ပိုင်ဆိုင်သူ ၁ယောက်





 
ချုံ့လိုက်တဲ့ လူဦးရေရူထောင့်ကနေ ကမ္ဘာကြီးကို ကြည့်မယ်ဆိုရင်
ဒီကမ္ဘာကြီးမှာ နားလည်လက်ခံခြင်း၊ ခွင့်လွတ်ခြင်းနဲ့ သင်ကြားမှုတွေ
လိုကြောင်းကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း တွေ့နိုင်ပါတယ်။ ပိုပြီး
ရှင်းလင်းစွာ တွေ့နိုင်တာက....



အကယ်၍ သင်ဟာ မနက်စောစောမှာ ကျန်းကျန်းမာမာနဲ့ ထလာနိုင်သေးတယ်ဆိုရင်
သင့်အစား ဝမ်းသာပါတယ်။ လူဦးရေ ၁ဝသိန်းဟာ တစ်ပတ်တောင်
အသက်မရှင်နိုင်ခဲ့လို့ပါပဲ။
အကယ်၍ သင်ဟာ စစ်ပွဲအန္တရာယ်တွေ မကြုံဖူးသေးဘူး၊ ထောင်ရဲ့ အထီးကျန်တဲ့အရသာ၊
နိုင်လိုညှင်းဆဲ နာကျင်မှု၊ ဆာလောင်မှုတွေကို မခံစားခဲ့ဖူးဘူးဆိုရင်
သင့်အစား ဝမ်းသာပါတယ်။ လူဦးရေ သန်း၅ဝဝ ထက် သင်ဟာ ကံကောင်းတဲ့သူ
ဖြစ်ခဲ့လို့ပါပဲ။

အကယ်၍ သင်ဟာ ဘာသာရေးပွဲတော်တွေမှာ အနှောင့်အယှက်ခံဖို့ စိတ်မပူခဲ့ဘူး၊
အဖမ်းခံ မထိခဲ့ဖူးဘူး၊ မသေခဲ့ဘူးဆိုရင် သင့်အစား ဝမ်းသာပါတယ်။ လူဦးရေ
သန်း၃ဝဝဝထက် သင်ဟာ လွတ်လပ်ခွင့်ရနေလို့ပါပဲ။
အကယ်၍ သင့်ရေခဲသေတ္တာထဲမှာ စားစရာတွေရှိတယ်၊ ဝတ်ဖို့အဝတ်အစားတွေ ရှိတယ်၊
နေစရာ အိမ်ရှိတယ်ဆိုရင် သင့်အစား ဝမ်းသာပါတယ်။ သင်ဟာ ကမ္ဘာပေါ်ရှိလူဦးရေ
၇၅%ထက် ချမ်းသာနေလို့ပါပဲ။
အကယ်၍ သင့်မှာ ငွေစုစာအုပ်ရှိတယ်၊ အိတ်ထဲမှာ ပိုက်ဆံရှိတယ်၊
အကြွေတွေရှိတယ်ဆိုရင် သင့်အစား ဝမ်းသာပါတယ်။ သင်ဟာ ကမ္ဘာ့လူဦးရေ ၈% 

ဘဲရှိတဲ့ လူချမ်းသာ စာရင်းဝင်နေလို့ပါပဲ။
အကယ်၍ သင့်မိဘတွေ သက်ရှိထင်ရှားရှိသေးတယ်၊ သင်ဟာ မိဘစုံလင်နဲ့
နေထိုင်သူဖြစ်တယ်ဆိုရင် သင်ဟာ ကံကောင်းသူပါ။
အခုဒီစာကို သင်ဖတ်နေတယ်ဆိုရင် သူဟာ ကံကောင်းသူ နှစ်ထပ်ကွမ်းပါ။ လူဦးရေ
သန်း၂ဝဝဝဟာ စာမဖတ်တတ်လို့ပါပဲ။
အလုပ်အတွက် စိုးရိမ်ကြောင့်ကြနေစရာ မလိုဘူး။ ငွေကြေးမပြည့်စုံမှာ
စိုးရိမ်သောက ဖြစ်နေစရာ မလိုဘူး။ ထိခိုက်နာကျင်ခဲ့ဖူးပါစေ လူတွေကို
အကြင်နာတွေ ဖြန့်ပါ။ စိတ်ကို ပျော်ရွှင်အောင် ထားပါ။ ဘယ်သူဘာပြောပြော
ငြိမ်းချမ်းတဲ့ သံစဉ်ကို ဟစ်အော်ပြီး လူ့ဘုံမှာ ပျော်ပျော်ရွှင်ရွှင်
နေလိုက်ကြပါ။

အီမေလ်းမှတဆင့်ပြန်လည်ဖော်ပြပါသည်။
(www.myanmarreader.co.cc မှကူးယူဖော်ပြပါသည်။)

Comments

Popular posts from this blog

မိုဘိုင်းဖုန်းနဲ့ဓာတ်ပုံရိုက်တဲ့အခါ မှားတတ်တဲ့အလေ့အထများ

မိုဘိုင်းဖုန်းနဲ့ ဓာတ်ပုံရိုက်ကူးတဲ့အခါမှာ အချို့ပုံကောင်းတွေမရဘဲ သူများဓာတ်ပုံတွေက ဘာလို့ပိုလှနေလဲဆိုပြီး ခံစားမိတတ်တဲ့ အချိန်တွေ ရှိတတ်ပါတယ်။ ရိုက်ကူးတဲ့ နေရာအတူတူ၊ သုံးတဲ့ မိုဘိုင်းဖုန်းလည်း အတူတူနဲ့ အခြားသူ ရိုက်ကူးတဲ့ပုံက ကိုယ့်ပုံထက် ပိုမိုက်နေတာကို တွေ့ကြရပြီး ဘာကြောင့်လဲဆိုပြီး ကိုယ့်ကိုယ်ကို မေးတတ်ကြပါတယ်။ ဒါဟာ ဓာတ်ပုံပညာမှာ အချို့ မလုပ်သင့်တဲ့ ဝိသေသလေးတွေကို ကိုယ်က သတိမထားဘဲ လုပ်လိုက်မိလို့ သူများကကိုယ့်ထက် အနည်းလေးဓာတ်ပုံပညာ သိထားတာကြောင့် အချို့နေရာတွေမှာ ဓာတ်ပုံကောင်း တစ်ပုံသူတို့ရရှိ သွားကြတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုမဖြစ်ရ လေအောင် ဓာတ်ပုံပညာမှာ သိထားရမယ့် အခြေခံ အကြောင်းအချက် အချို့ကို ဝေမျှလိုပါတယ်။ Horizontal မျဉ်းတွေ ရေပြင်ညီဖြစ်အောင် မရိုက်ကူးခြင်း အချို့ဓာတ်ပုံကောင်းတွေမှာ မျဉ်းကြောင်းတွေဟာ အလွန်အရေးပါတာကို တွေ့ရပါတယ်။ ပင်လယ်ပြင်ကြီးကို နောက်ခံထားရိုက်ကူးတဲ့ အခါမှာ ရေပြင်ညီမျဉ်းကြောင်းဖြစ်ဖို့က အထူးအရေးကြီးပါတယ်။ အချို့သော တံတားတွေ ရိုက်ကူးတဲ့အခါမှာ မျဉ်းပြိုင်ဖြစ်နေတဲ့ တံတားဘောင်တွေ၊ ဓာတ်တိုင်တွေ၊ ဆိုင်းဘုတ်တွေ စတာတွေကို ရိုက်ကူးတဲ့ အခါမှာ မျဉ်းကြောင်...

Coffee , Marketing point view ?

အမှန်တော့ ဒီသတင်းက ၂၀၁၆ တည်းက အဟောင်းပါ။ မြန်မာပြည်ရဲ့ ၄၂ % ဆိုတာ တစ်ဝက်နီးပါးပဲ။ ဒီဈေးကွက်ကြီးက မသောက်ရမနေနိုင်အောင် စွဲလမ်းနေပြီဆိုတော့ ခိုင်မာတဲ့ ဈေးကွက်လို့ အကြမ်းမျဉ်း ယူဆလို့ရပြီ။ နောက်ကျန်တဲ့ ၅၈% ထဲကနေလည်း အမြဲမဟုတ်တောင်မှ တစ်ခါတစ်လေ သောက်သူက ၁၀% လောက်တော့ ရှိဦးမယ်။ ကိုင်း . . . Marketing Point of View အရ ကျွန်တော်တို့ ဘာလုပ်လို့ရမလဲ။ . . . ကျွန်တော် စဉ်းစားမိထားတာလေးတွေကို နောက်နေ့ နံနက် ၉ နာရီမှာ Post Edit လုပ်ပြီး တင်ပေးထားပါ့မယ်။ အဖြေမှန်လား မမှန်လား ၊ idea အသစ်ဖြစ်လား မဖြစ်လား သိချင်ရင်တော့ Comment လေးတွေ ချန်ထားပြီး ဦးနှောက်ကို အလုပ်ပေးကြတာပေါ့။ Noti ယူခဲ့မယ်ဆိုလည်း Noti ဆိုတာလေးတော့ ရေးပေးခဲ့ပါဦး။ ================ ဟုတ်ကဲ့ အားလုံးဖြေထားတဲ့ အဖြေတွေကို သုံးသပ်ကြည့်ရင် ထုတ်လုပ်ရေးဖြစ်တဲ့ ကော်ဖီထုတ်လုပ်ရေးလုပ်ငန်းရယ် ၊ ဝန်ဆောင်မှု လုပ်ငန်းဖြစ်တဲ့ ကော်ဖီဆိုင်ရယ်ကို အဓိက ဦးတည်ထားတာ တွေ့ရပါတယ်။ ဒါတွေဟာ ဈေးကွက်ထဲကို တိုက်ရိုက်ဝင်ရောက် ပြိုင်ဆိုင်တဲ့ သဘောပါ။ ကျွန်တော့်ရဲ့ ဓာတ်ပုံလေးကို တစ်ချက်ပြန်ကြည့်ရင် ပြည်တွင်း ကော်ဖီတံဆိပ်တစ်ခုရယ် ပြည်ပကော်ဖီ တံဆိပ်နှစ်ခုရယ်ကိုေ...

Personal Branding ဆိုတာ

တချို့လူတွေက မိမိတော်ကြောင်း တတ်ကြောင်း ထုတ်ဖော်ကြွားဝါးတတ်ကြတယ်။ မိမိ အာဏာ၊လုပ်ပိုင်ခွင့်သုံးပြီး ဘယ်လောက်လုပ်နိုင်တယ်ဆိုတာကို Branding လို့ထင်နေကြတယ်။ တကယ်တော့ အဲ့အရာက တက်တက်စင်လွဲပါတယ်။ Branding အစစ်မှန်က ဘာလဲ… " Personal Branding ဆိုတာ မိမိအခန်းထဲမှာ မရှိတဲ့နောက် အခြားလူတွေပြောကြတဲ့ ကိုယ့်အကြောင်းတဲ့"   Credit To ; ပေါင်းသင်းဆက်ဆံမူစွမ်းရည်