နောက်ဆုံးတော့လည်း ဘာမှအရေးမကြီးတော့ဘူး။
၁. အသက် ၁၀ နှစ်မှာ ဘယ်သူစာပိုတော်လဲ ပိုအရေးကြီးတယ်...
၂. အသက် ၂၀ မှာဘယ်သူ ရုပ်ပိုချောလဲ ပိုအရေးကြီးတယ်...
၃. အသက် ၃၀ မှာ ဘယ်သူပညာပိုတတ်လဲ... ဘယ်သူပိုချမ်းသာလဲ ပိုအရေးကြီးတယ်...
၎. အသက် ၄၀ မှာ ဘဝမှာဘယ်သူပိုပျော်ရွင်လဲ... ဘယ်သူဘဝကိုတန်ဖိုးရှိရှိဖြတ်သန်းနေလဲ ပိုအရေးကြီးလာတယ်...
၅. အသက် ၅၀ မှာဘယ်သူ ပိုကျန်းမာလဲ ပိုအရေးကြီးလာတယ်...
၆. အသက် ၆၀ မှာ ဘယ်သူတရားပိုရှိလဲ အရေးကြီးလာတယ်...
၇. အသက် ၇၀ မှာဘယ်သူကိုယ့်ခန္ဓာဝန် ကိုယ်ထမ်းနိုင်သေးလဲ ပိုအရေးကြီးလာတယ်...
၈. အသက် ၈၀ မှာဘယ်သူအသက်ရှင်နေသေးလဲ ပိုအရေးကြီးတယ်...
၉. နောက်ဆုံးအချိန်မှာတော့ ဘယ်သူ ဘဝကူး ပိုကောင်းလဲ ပိုအရေးကြီးတယ်....
Credit ...Lai Nadi Maung
.နောက်ဆုံးတော့လဲ ဘာမှအရေးမကြီးဘူးဆိုပေမဲ့ သူ့အရွယ်နဲ့သူ ရှိသင့်တာတွေရှိဖို့ ကြိုးစားဖို့လိုပါတယ်။ အတုယူစရာရှိယူရပါမယ်။ ကြိုးစားရပါမယ်။ စားဝတ်နေရေး အဆင်ပြေမှုနဲ့ဘဝပျော်ရွှင်မှုက အများအားဖြင့် ဒွန်တွဲနေလို့ အခြေခံလိုအပ်ချက်တော့ အနည်းဆုံးပြည့်စုံအောင်ကြိုးပမ်းရပါမယ်။
ဒါကတော့ ကျနော့်ခံယူချက်ပါ
Credit : KoSai

Comments
Post a Comment