Skip to main content

Business Plan တစ်ခုကို ဘယ်လိုဆွဲကြမလဲ?

Business Plan တစ်ခုကို ဘယ်လိုဆွဲကြမလဲ?
လူတော်တော်များများမှာ ကိုယ့် Business နဲ့ ပတ်သက်ပြီး idea အမျိုးမျိုးရှိတတ်ကြပါတယ်။
အရမ်းကောင်းတဲ့ idea တွေလည်းရှိနိုင်သလို ဘာမှမထိရောက်တဲ့ idea တွေလည်း ရှိမှာပါ။
သင်ဟာ လုပ်ငန်းတစ်ခု တည်ထောင်ဖို့ ရည်ရွယ်ထားတဲ့သူဆိုရင် သင့်အနေနဲ့ ကိုယ့်အလုပ်အကြောင်းကို အသေးစိတ် plan ချပြီး လက်တွေ့မှာလည်း အောင်မြင်နိုင်တာကို သက်သေပြနိုင်တဲ့ အထိ ဒီ article က သင့်အတွက် အသုံးဝင်ပါလိမ့်မယ်။
Business Plan ဆိုတာဘာလဲ?
Business Plan ဆိုတာ သင့်ရဲ့ Business လမ်းစဉ်ကို အသေးစိတ်ရေးဆွဲထားတဲ့ အကြောင်းအရာတစ်ခုပါ။
Business plan တစ်ခုဆွဲဖို့ဆိုရင် သင့်ရဲ့ အလုပ်မှာ ဘယ်လိုရောင်းဝယ်မှုမျိုးတွေလုပ်မလဲ... သင့်ရဲ့ Business ကိုဘယ်လိုတည်ဆောက်ထားသလဲ... သင့်ရဲ့ product ဒါမှမဟုတ် service ကို ဘယ်လိုရောင်းချမလဲ… ဈေးကွက်အခြေအနေကရော ဘယ်လိုရှိသလဲ… ဘယ်လို အုတ်မြစ်ချဖို့ လိုအပ်သလဲ… သင့်ရဲ့ ငွေကြေးအခြေအနေနဲ့ လုပ်နိုင်မယ့် လုပ်ငန်းစဉ်တွေ… ဒါ့အပြင် ဘယ်လို Business မျိုးကို ခွင့်ပြုထားသလဲ ဒါမှမဟုတ် တားမြစ်ထားသလဲ… ဒါတွေအပြင် တခြားသောမှတ်တမ်းမှတ်ရာတွေလည်း လိုအပ်ပါတယ်…
ဒီလိုအချက်တွေ အတိအကျပါဝင်တဲ့ Business Plan တစ်ခုဟာ သင့်ရဲ့ အလုပ်ကိုတင် တိုးတက်အောင်လုပ်ပေးတာမဟုတ်ဘဲ သင့်ရဲ့အလုပ်နဲ့ဆက်စပ်တဲ့ တခြားရလဒ်ကောင်းတွေကိုပါ ပေးမှာဖြစ်ပါတယ်။
ဒါတွေကိုသိပြီးရင် အကောင်းဆုံးနည်းလမ်းကတော့ နောက်ကိုတလှမ်းပြန်ဆုတ်ပြီး သင့်ရဲ့ idea တွေကို သေချာပြန်လေ့လာပါ။
အဆိုးဆုံးရလဒ်ကိုမရခင် ဖြေရှင်းစရာကိစ္စတွေရှိခဲ့ရင် သေချာပြန်ဖြေရှင်းပါ။
ဒီ article မှာဆိုရင် Business plan တစ်ခုဆွဲတာနဲ့ ပတ်သက်ပြီး အချက်အလက်တွေကို ရှင်းပြထားပါတယ်
အသေးစိတ်လေ့လာမှုမလုပ်သေးခင် အခြေခံကျတဲ့အချက်ကလေးတွေကို အရင်ကြည့်ကြရအောင်...
Business Plan ဆွဲဖို့ သိထားသင့်တဲ့ အချက်တွေ -
1. သင့်ကို တမူထူးခြားစေမယ့် အကြောင်းအရာကို အဓိက ဆွဲထုတ်ပါ။
2. လိုရင်းတိုရှင်းရေးပါ။
3. စာဖတ်သူအတွက် နားလည်လွယ်မယ့်ပုံစံကိုရေးပါ။
4. သင့်ရဲ့ လုပ်ငန်းစဉ်အတိုင်း ပြောင်းလဲလွယ်မယ့် plan ဖြစ်ပါစေ (သင့်ရဲ့ Business အခြေအနေပေါ်မူတည်ပြီး ပြောင်းလဲရမယ့် နည်းလမ်းတွေရှိလာနိုင်ပါတယ်) ။
ဒါတွေကတော့ Business Plan တစ်ခုမှာ အဓိကလိုအပ်တဲ့ အချက်တွေပါ။
1. လုပ်ငန်းစဉ်အနှစ်ချုပ်
2. ကုမ္ပဏီအကြောင်း
3. ဈေးကွက်အခြေအနေသုံးသပ်ချက်
4. ကိုယ်ရောင်းမယ့် Product ဒါမှမဟုတ် Service
5. အလုပ်လုပ်ပုံ နဲ့ စီမံခန့်ခွဲမှု
6. Marketing နဲ့ Sales plan
7. ဘဏ္ဍာရေး အစီအစဉ်
1. လုပ်ငန်းစဉ်အနှစ်ချုပ်
လုပ်ငန်းစဉ်အနှစ်ချုပ်အကြောင်းရေးရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ စာဖတ်သူကို အသေးစိတ်ချမပြခင် ကိုယ့်ရဲ့ ကုမ္ပဏီနဲ့ ဈေးကွက်အကြောင်းပိုသိစေဖို့ပါ။
တခါတလေမှာ သင့်ရဲ့ business plan တစ်ခုလုံးအကြောင်းစဉ်းစားပြီးမှ အနှစ်ချုပ်ကို ရေးတာပိုအဆင်ပြေပါလိမ့်မယ်။
အနှစ်ချုပ်ဟာ စာမျက်နှာတစ်မျက်နှာလောက် ရှည်လျားပြီး အောက်ပါ အချက်တွေ ပါသင့်ပါတယ်။
ခြုံငုံသုံးသပ်ချက် - သင့်ကုမ္ပဏီကဘယ်လိုမျိုးလဲ... ဘယ်နေရာမှာရှိလဲ..ဘယ်သူတွေကိုဘာတွေရောင်းမှာလဲ စတာတွေ ရှင်းပြရမှာပါ။
Company Profile - ကုမ္ပဏီရဲ့ လုပ်ငန်းစဉ်တည်ဆောက်ပုံ (Business Structure)..ပိုင်ရှင်ကဘယ်သူလဲ..ဘယ်လို အတွေ့အကြုံတွေနဲ့ စွမ်းဆောင်ရည်တွေရှိမလဲ..ဘယ်သူတွေကို ပထမဆုံး အလုပ်ခန့်မလဲ စတာတွေရေးပါ။
Product or Service - ဘာတွေ အဓိက ရောင်းချမလဲ။
ဈေးကွက် - ဈေးကွက်အခြေအနေကို လေ့လာပြီးမှ ဘာတွေအဓိက ရှာဖွေသလဲ ရေးပါ။
ဘဏ္ဏာရေး အစီအစဉ် - သင့်ရဲ့အလုပ်ရန်ပုံငွေကို ဘယ်လိုစီစဉ်ပြီး ဘယ်လို project တွေရှိမလဲ ရှင်းပြပေးပါ။
2. ကုမ္ပဏီအကြောင်း
အနှစ်ချုပ်မှာ ရေးထားတဲ့ ကုမ္ပဏီအကြောင်းကို အသေးစိတ်ပြန်ရှင်းပြပါ။ သင့်ရဲ့ ကုမ္ပဏီက ဖြည့်ဆည်းဖို့ကြိုးစားနေတဲ့ ဈေးကွက်အခြေအနေလိုအပ်ချက်တွေ အကြောင်းနဲ့ ဒီလိုဖြည့်ဆည်းဖို့ ပေးမယ့် product တွေ service တွေအကြောင်း ရှင်းပြပါ။
3. ဈေးကွက်အခြေအနေသုံးသပ်ချက်
သင့်ကိုသင် ပြန်မေးရမယ့်အရာတစ်ခုက သင့်ရဲ့ Business idea ဟာ ဈေးကွက်ထဲမှာ အကျုံးဝင်လားဆိုတာပါပဲ။
ဈေးကွက်ကပဲ သင့်ရဲ့ Business ဟာ အောင်မြင်နိုင်မလားဆိုတာ ဆုံးဖြတ်တာပါ။
သင် target ထားတဲ့ ဈေးကွက်ကဘာလဲ?
သင်တို့အနေနဲ့ သင့်ဆီက ဘာကိုဝယ်ယူဖို့ စိတ်ဝင်စားနိုင်မလဲ?
အဲဒီမေးခွန်းတွေကို စဉ်းစားပါ။
ဥပမာ - သင်က မွေ့ရာရောင်းမယ်ဆိုပါစို့ သင့်အနေနဲ့ အိပ်ရာထဲမှာ အိပ်တဲ့လူတိုင်းကို target ထားလို့မရပါဘူး။
ပထမဆုံး သာမန်ဝင်ငွေရှိတဲ့ မိသားစုက ဆယ်ကျော်သက်တွေလို customer အနည်းငယ်ကို target ထားပါ။
အဲဒီကနေမှ သာမန်ဝင်ငွေရှိတဲ့ မိသားစုက ဆယ်ကျော်သက်အရေအတွက်ဆိုရင် ဘယ်နှစ်ယောက်လောက်ရှိမလဲ?
သူတို့ အနေနဲ့ ဘယ်လိုအိပ်ရာမျိုးကို လိုအပ်သလဲ?
ဈေးကွက်အခြေအနေကရော တိုးတက်နေသလား ငြိမ်နေသလား?
ဒါတွေကို စဉ်းစားပါ။
survey ကောက်တာမျိုး interview လုပ်တာမျိုးတွေအပြင် တခြားသောနည်းလမ်းတွေနဲ့ အချက်အလက်တွေသေချာစုဆောင်းပြီး လေ့လာသုံးသပ်ပါ။
ဒါ့အပြင် သင့်ရဲ့ ပြိုင်ဖက်တွေကိုလည်း လေ့လာပါ။
ဈေးကွက်ထဲမှာ မွေ့ရာရောင်းတဲ့ ကုမ္ပဏီ အရေအတွက် ဘယ်လောက်ရှိသလဲ ပြီးတော့ ဘယ်သူတွေလဲ? ဆိုတာ စဉ်းစားပါ။
ပြိုင်ဖက်တွေရဲ့ အားသာချက် အားနည်းချက်တွေကို အပြင် သင့်အနေနဲ့ သူတို့ထက် အကျိုးအမြတ်ရနိင်မယ့်နည်းတွေကို လေ့လာပါ။
4. ကိုယ်ရောင်းမယ့် Product ဒါမှမဟုတ် Service
သင်ရောင်းမယ့် အရာအကြောင်းအသေးစိတ်နဲ့ သူက သင့်ရဲ့ customer တွေကို ဘယ်လိုအကျိုးအမြတ်တွေရစေနိုင်မလဲ ဆိုတာ အသေးစိတ်ရှင်းပြပါ။
သင့်အနေနဲ့ ကိုယ့် customer တွေကို ဘယ်လိုကူညီရမလဲ မသိရင် သင့်ရဲ့ Business idea က ကောင်းမှာမဟုတ်တာ အသေအချာပါပဲ။
ပထမဆုံး သင်လက်ရှိဖြေရှင်းနေတဲ့ ပြဿနာအကြောင်းပြောပြပါ။
ပြီးမှ ဘယ်လိုဖြေရှင်းဖို့ အစီအစဉ်ဆွဲထားလဲ ဆိုတာနဲ့ သင့်ရဲ့ product ဒါမှမဟုတ် service က ဒီပြဿနာကိုဖြေရှင်းတဲ့နေရာမှာ အသုံးဝင်သင့်တော်တဲ့အကြောင်း ရှင်းပြပါ။
နောက်ဆုံးမှာ သင့်ရဲ့ ပြိုင်ဖက်ကုမ္ပဏီတွေရဲ့ ဖြေရှင်းနည်းနဲ့ သင်ကတော့ သူတို့တွေနဲ့ ဘယ်လိုကွဲပြားထူးခြားပါတယ်ဆိုတာ ပြောပြပေးပါ။
5. အလုပ်လုပ်ပုံနဲ့ စီမံခန့်ခွဲမှု
ဒီနေရာမှာ သင့်ရဲ့ Business က တမူထူးခြားတဲ့ အလုပ်လုပ်ပုံနဲ့ စီမံခန့်ခွဲမှုပုံစံအကြောင်း ရှင်းပြပါ။
ဘယ်သူတွေက ဘယ်တာဝန်ယူထားရလဲ ဆိုတဲ့ အကြောင်းအရာနဲ့ team အလိုက် တာဝန်ခွဲဝေယူမှုအပိုင်းတွေကို ရှင်းပြပါ။
Team member တွေ အကြောင်း အသေးစိတ်နဲ့တကွ သူတို့ရဲ့ အတွေ့အကြုံတွေ ပညာရေးတွေဟာ ဘယ်လို အသုံးဝင်ပြီး ဒီအလုပ်နဲ့ သင့်တော်သလဲ ဆိုတာမျိုးတွေ ရှင်းပြပါ။
သင့်အနေနဲ့ အလုပ်သမားတွေ မခန့်ရသေးဘူးဆိုလည်း စိတ်မပူပါနဲ့..ဒီလစ်လပ်နေတဲ့ နေရာတွေမှာခန့်မယ့်လူတွေဟာ ဘယ်လိုတာဝန်ရှိသလဲဆိုတာပဲ ရှင်းပြပေးရင် အဆင်ပြေပါတယ်။
6. Marketing နဲ့ Sales plan
ဒီနေရာမှာဆိုရင် သင့်အနေနဲ့ သင့်ရဲ့ product ကို ရောင်းချဖို့ အတွက် marketing ဘယ်လိုဆင်းပြီး sales ပိုင်းကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတဲ့ နည်းလမ်းတွေကို ရေးပါ။
ဒီ plan တွေအကြောင်းမရေးခင် market analysis ကို အသေးစိတ်လုပ်ထားပြီး target ထားမယ့် ဝယ်သူတွေကို ရွေးချယ်ထားပြီးဖြစ်ဖို့လိုပါတယ်။
Marketing ပိုင်းမှာဆိုရင် - ဈေးကွက်ထိုးဖောက်ဖို့ ဘယ်လို plan ချမလဲ?
Business ကို ဘယ်လိုတိုးချဲ့မလဲ?
ဈေးကွက်မှာ ဖြန့်ဖြူးဖို့ ဘယ်လိုနေရာတွေကို target ထားမလဲ?
customer တွေနဲ့ ဘယ်လို ဆက်သွယ်မလဲ? စတာတွေ စဉ်းစားဖို့လိုပါတယ်။
Sales ပိုင်းမှာ ဆိုရင်တော့ - သင့်ရဲ့ sales strategy က ဘာလဲ?
sales teamရဲ့ အခြေအနေနဲ့ team ကို ပိုကောင်းအောင် ဘယ်လိုလုပ်မလဲ?
sales တစ်ခုရဖို့ sales call ဘယ်နှစ်ခုလောက်လုပ်သင့်သလဲ?
sales တစ်ခုရဲ့ ပျမ်းမျှတန်ဖိုး ဘယ်လောက်ရှိမလဲ? စတာတွေ စဉ်းစားထားဖို့ လိုပါတယ်။
7. ဘဏ္ဍာရေး အစီအစဉ်
နောက်ဆုံးမှာတော့ သင့်ရဲ့ ဘဏ္ဏာရေး အစီအစဉ် အကြောင်းအသေးစိတ်ရေးပါ။
အလုပ်စစချင်း ကုန်ကျစရိတ်..ရန်ပုံငွေ အစီအစဉ်တွေ အပြင် သင့်အနေနဲ့ ရင်းနှီးမြှုပ်နှံချင်သူတွေကိုပါ ရှာနေရင် သူတို့ကို ရန်ပုံငွေ တောင်းခံတာပါ ထည့်ရေးပေးသင့်ပါတယ်။
လုပ်ငန်းစတင်ချိန်မှာ ရင်းနှီးထားတဲ့ ကုန်ကျစရိတ် ဆိုတာ ပထမဆုံး စလုပ်လုပ်ချင်း လိုအပ်တဲ့အရာတွေနဲ့ အဲဒါတွေကိုသုံးဖို့ ကုန်ကျတဲ့ ငွေကြေးပမာဏကိုပြောတာပါ။
ရုံးတည်ဖို့ နေရာရှာနေသလား?
Computer တွေ ဖုန်းတွေ လိုအပ်သလား?
ဘာတွေလိုအပ်သလဲဆိုတာ စာရင်းထုတ်ပြီး ခန့်မှန်းချေကုန်ကျစရိတ်ကို တွက်ပါ..နောက်ဆုံးလုပ်ရမှာကတော့ ပိုက်ဆံထုတ်သုံးဖို့ပါ။
ကုန်ကျစရိတ်တွေ သေချာတွက်ပြီးရင် သင့်ရဲ့ ဘဏ္ဏာရေး project တွေအကြောင်းအသေးစိတ်စဉ်းစားပါ။
သင်ဟာ အလုပ်အတွက် ရန်ပုံငွေရှာနေသူဆိုရင် ဒီအချက်တွေက အရေးကြီးပါတယ်။
သင့်ရဲ့ ဘဏ္ဏာရေးအစီအစဉ်ဟာ ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နိုင်ဖို့ရော ငွေချေးလုပ်ငန်းတွေက သင့်ရဲ့ Business ကို ထောက်ပံ့ပေးနိုင်ဖို့အတွက်ပါ 100% တိကျနေဖို့ လိုပါတယ်။
နောက်ဆက်တွဲ
သင့်ရဲ့ Business Plan ကို ဒီနေရာမှာ နိဂုံးချုပ်ပါ။
နောက်ဆက်တွဲမှာ သင့်ရဲ့ resume.. တွဲဖက် founder တွေရဲ့ resume တွေ.. ခွင့်ပြုချက်ရထားတာတွေ.. တရားဝင် စာရွက်စာတမ်းတွေအပြင် တခြားသင်ထည့်ချင်တဲ့ အကြောင်းအရာတွေကိုပါ ထည့်သွင်းပေးပါ။
အကယ်၍ ဒီ Post လေးက မိတ်ဆွေအတွက်အကျိုးရှိတယ်ဆိုရင်တော့ ကျွန်တော့်ကို တခုတော့ ကူညီပေးပါ။
အခြား မိတ်ဆွေလို သိချင်နေမယ့်သူတွေအတွက် ဒီ Post လေးကို Share ပေးလိုက်ပါ။

Credit To : MyanmarOnlineEntrepreneur

Comments

Popular posts from this blog

မိုဘိုင်းဖုန်းနဲ့ဓာတ်ပုံရိုက်တဲ့အခါ မှားတတ်တဲ့အလေ့အထများ

မိုဘိုင်းဖုန်းနဲ့ ဓာတ်ပုံရိုက်ကူးတဲ့အခါမှာ အချို့ပုံကောင်းတွေမရဘဲ သူများဓာတ်ပုံတွေက ဘာလို့ပိုလှနေလဲဆိုပြီး ခံစားမိတတ်တဲ့ အချိန်တွေ ရှိတတ်ပါတယ်။ ရိုက်ကူးတဲ့ နေရာအတူတူ၊ သုံးတဲ့ မိုဘိုင်းဖုန်းလည်း အတူတူနဲ့ အခြားသူ ရိုက်ကူးတဲ့ပုံက ကိုယ့်ပုံထက် ပိုမိုက်နေတာကို တွေ့ကြရပြီး ဘာကြောင့်လဲဆိုပြီး ကိုယ့်ကိုယ်ကို မေးတတ်ကြပါတယ်။ ဒါဟာ ဓာတ်ပုံပညာမှာ အချို့ မလုပ်သင့်တဲ့ ဝိသေသလေးတွေကို ကိုယ်က သတိမထားဘဲ လုပ်လိုက်မိလို့ သူများကကိုယ့်ထက် အနည်းလေးဓာတ်ပုံပညာ သိထားတာကြောင့် အချို့နေရာတွေမှာ ဓာတ်ပုံကောင်း တစ်ပုံသူတို့ရရှိ သွားကြတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုမဖြစ်ရ လေအောင် ဓာတ်ပုံပညာမှာ သိထားရမယ့် အခြေခံ အကြောင်းအချက် အချို့ကို ဝေမျှလိုပါတယ်။ Horizontal မျဉ်းတွေ ရေပြင်ညီဖြစ်အောင် မရိုက်ကူးခြင်း အချို့ဓာတ်ပုံကောင်းတွေမှာ မျဉ်းကြောင်းတွေဟာ အလွန်အရေးပါတာကို တွေ့ရပါတယ်။ ပင်လယ်ပြင်ကြီးကို နောက်ခံထားရိုက်ကူးတဲ့ အခါမှာ ရေပြင်ညီမျဉ်းကြောင်းဖြစ်ဖို့က အထူးအရေးကြီးပါတယ်။ အချို့သော တံတားတွေ ရိုက်ကူးတဲ့အခါမှာ မျဉ်းပြိုင်ဖြစ်နေတဲ့ တံတားဘောင်တွေ၊ ဓာတ်တိုင်တွေ၊ ဆိုင်းဘုတ်တွေ စတာတွေကို ရိုက်ကူးတဲ့ အခါမှာ မျဉ်းကြောင်...

Coffee , Marketing point view ?

အမှန်တော့ ဒီသတင်းက ၂၀၁၆ တည်းက အဟောင်းပါ။ မြန်မာပြည်ရဲ့ ၄၂ % ဆိုတာ တစ်ဝက်နီးပါးပဲ။ ဒီဈေးကွက်ကြီးက မသောက်ရမနေနိုင်အောင် စွဲလမ်းနေပြီဆိုတော့ ခိုင်မာတဲ့ ဈေးကွက်လို့ အကြမ်းမျဉ်း ယူဆလို့ရပြီ။ နောက်ကျန်တဲ့ ၅၈% ထဲကနေလည်း အမြဲမဟုတ်တောင်မှ တစ်ခါတစ်လေ သောက်သူက ၁၀% လောက်တော့ ရှိဦးမယ်။ ကိုင်း . . . Marketing Point of View အရ ကျွန်တော်တို့ ဘာလုပ်လို့ရမလဲ။ . . . ကျွန်တော် စဉ်းစားမိထားတာလေးတွေကို နောက်နေ့ နံနက် ၉ နာရီမှာ Post Edit လုပ်ပြီး တင်ပေးထားပါ့မယ်။ အဖြေမှန်လား မမှန်လား ၊ idea အသစ်ဖြစ်လား မဖြစ်လား သိချင်ရင်တော့ Comment လေးတွေ ချန်ထားပြီး ဦးနှောက်ကို အလုပ်ပေးကြတာပေါ့။ Noti ယူခဲ့မယ်ဆိုလည်း Noti ဆိုတာလေးတော့ ရေးပေးခဲ့ပါဦး။ ================ ဟုတ်ကဲ့ အားလုံးဖြေထားတဲ့ အဖြေတွေကို သုံးသပ်ကြည့်ရင် ထုတ်လုပ်ရေးဖြစ်တဲ့ ကော်ဖီထုတ်လုပ်ရေးလုပ်ငန်းရယ် ၊ ဝန်ဆောင်မှု လုပ်ငန်းဖြစ်တဲ့ ကော်ဖီဆိုင်ရယ်ကို အဓိက ဦးတည်ထားတာ တွေ့ရပါတယ်။ ဒါတွေဟာ ဈေးကွက်ထဲကို တိုက်ရိုက်ဝင်ရောက် ပြိုင်ဆိုင်တဲ့ သဘောပါ။ ကျွန်တော့်ရဲ့ ဓာတ်ပုံလေးကို တစ်ချက်ပြန်ကြည့်ရင် ပြည်တွင်း ကော်ဖီတံဆိပ်တစ်ခုရယ် ပြည်ပကော်ဖီ တံဆိပ်နှစ်ခုရယ်ကိုေ...

Personal Branding ဆိုတာ

တချို့လူတွေက မိမိတော်ကြောင်း တတ်ကြောင်း ထုတ်ဖော်ကြွားဝါးတတ်ကြတယ်။ မိမိ အာဏာ၊လုပ်ပိုင်ခွင့်သုံးပြီး ဘယ်လောက်လုပ်နိုင်တယ်ဆိုတာကို Branding လို့ထင်နေကြတယ်။ တကယ်တော့ အဲ့အရာက တက်တက်စင်လွဲပါတယ်။ Branding အစစ်မှန်က ဘာလဲ… " Personal Branding ဆိုတာ မိမိအခန်းထဲမှာ မရှိတဲ့နောက် အခြားလူတွေပြောကြတဲ့ ကိုယ့်အကြောင်းတဲ့"   Credit To ; ပေါင်းသင်းဆက်ဆံမူစွမ်းရည်