Skip to main content

Facebook နဲ့ စီးပွားတက်အောင် ကူညီပေးမယ့် အချက် (၅) ချက်

Facebook နဲ့ စီးပွားရေးလုပ်လို့ရတယ်ဆိုတာ ယနေ့အချိန်အခါမှာ အံ့သြစရာ ကိစ္စတစ်ခု မဟုတ်တော့ပါဘူး။ Facebook ကနေ ပစ္စည်းတွေရောင်းတယ်။ ကိုယ့်လုပ်ငန်းကို ကြော်ငြာတယ်။ သင်တန်းတွေဖွင့်ပေးတယ်။ လုပ်ငန်းအချိတ်အဆက်တွေ ရှာကြတယ်။
ဒါပေမယ့် လုပ်ငန်းတိုင်းက Facebook ပေါ်ကနေ စီးပွားတက်အောင် လုပ်ဖို့ အဆင်ပြေကြတာတော့ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ စီးပွားတက်အောင် ကူညီပေးမယ့် နည်းလမ်းလေးတွေကို မသိလို့ပါ။
မြန်မာနိုင်ငံမှာ Facebook Page ပေါင်း ၆ သိန်းကျော်ရှိပါတယ်။ ဆိုလိုတာက ကိုယ့်လုပ်ငန်း Page လေးဟာ ပုံစံတူ လုပ်ငန်း ၆ သိန်းထဲမှာ မြှုပ်နေမှာပါ။ ဒီအခါမှာ ကျန်တဲ့လုပ်ငန်းများထက် ထူးခြားနေဖို့ ၊ ကိုယ့်ရဲ့ ဝယ်သူတွေကို စွဲဆောင်နိုင်ဖို့ ပိုအရေးကြီးလာပါပြီ။
အခု အလွယ်ဆုံး အချက် (၅) ချက်ကို မျှဝေပေးပါ့မယ်။
၁။ Facebook နဲ့ စီးပွားရေး လုပ်တဲ့အခါမှာ ဖုန်းထက်စာရင် Laptop / Computer ကို သုံးစွဲပါ။ ဖုန်းမှာမပါတဲ့ စီးပွားရေးအတွက် လုပ်ဆောင်လို့ရတယ့် Function တွေ အများကြီး Laptop / Computer က ကူညီပံ့ပိုး ပေးထားပါတယ်။ 💰💵💳
၂။ Facebook for Business ဆိုတဲ့ (စီးပွားရေးအတွက် Facebook) ဆိုတာကို Facebook က တရားဝင် ပံ့ပိုးပေးထားပါတယ်။ လူတွေ စီးပွားတက်လာပြီး ငွေကြေး အဆင်ပြေလာရင် ပိုမိုသာယာပျော်ရွှင်တဲ့ ဘဝတွေကို ပိုင်ဆိုင်ကြလိမ့်မယ်လို့ Facebook က ယုံကြည်တဲ့အတွက် လုပ်ဆောင်ထားတာပါ။ Google ကနေ Facebook for Business ဆိုပြီး ရှာကြည့်လိုက်ရင် Video သင်ခန်းစာတွေ လုပ်နည်းလုပ်ဟန်တွေ အခမဲ့ သိရှိနိုင်မှာ ဖြစ်ပါတယ်။ 💰💵💳
၃။ Messenger Application
Messenger ဟာ တစ်ဦးနဲ့တစ်ဦး စကားပြောဖို့ Chat လုပ်ဖို့ ကူညီပေးတဲ့ Application လေးတစ်ခုပါ။ ဒါကိုအသုံးချပြီး ကိုယ့်ရဲ့ Facebook စီးပွားရေးလုပ်ငန်းမှာ ဆက်သွယ်ချိတ်ဆက် စကားပြောလို့ရပါတယ်။ Auto Reply လို စာအလိုအလျောက် ပြန်ပို့ပေးမယ့် စနစ်မျိုးကို မိမိ Laptop / Computer နဲ့ ချိတ်ဆက်သုံးစွဲပြီး လွယ်ကူစွာ လုပ်ဆောင်လို့ရပါတယ်။ 💰💵💳
၎။ Pages Manager Application
Facebook မှာ စီးပွားတက်အောင် လုပ်ရာမှာ မိမိရဲ့ ကိုယ်ပိုင် Account ကနေ စီးပွားရေး လုပ်မယ်ဆိုရင် ကိုယ်နဲ့ Friend ဖြစ်တဲ့သူကိုပဲ ချိတိဆက်ရောင်းချလို့ ရမှာပါ။ ဝယ်သူအသစ်တွေရဖို့ အကန့်အသတ်ရှိပါတယ်။ Page လုပ်ထားမယ်ဆိုရင် ပိုပြီး စီးပွားရေးနယ်ပယ် ပိုကျယ်ပြန့်လာမှာပါ။ ဒီအခါမှာ Page ကို ကောင်းကောင်း စီမံခန့်ခွဲတတ်ဖို့ Pages Manager Application ကို အသုံးချနိုင်ဖို့ လိုပါတယ်။ 💰💵💳
၅။ Facebook Ads Manager Application
Facebook မှာ Post တွေတင်တယ်။ ပုံတွေတင်တယ်။ ဒါပေမယ့် လူများများ မတွေ့ရဘူး။ Like မပေးကြဘူး။ Like တွေများပေမယ့် ပစ္စည်းတွေ မရောင်းရဘူး။ ဒါဆိုရင် ကိုယ်လုပ်နေပေမယ့် အကျိုးမရှိသလို ဖြစ်နေတာပေါ့။ မိမိရဲ့ လုပ်ငန်းကို လူပိုသိအောင် ကြော်ငြာမယ်။ ပစ္စည်းတွေပိုရောင်းထွက်အောင် Post တွေကို Boost လုပ်မယ် ဆိုရင် ဒီ Facebook Ads Manager Application လေးက အသုံးကျမှာ ဖြစ်ပါတယ်။ VISA Card နဲ့ ချိတ်ဆက်ပြီး မည်သူမဆို လွယ်ကူစွာ အသုံးချနိုင်မှာ ဖြစ်ပါတယ်။ 💰💵💳
မိမိဖုန်းထဲမှာ လိုအပ်နေတဲ့ Application လေးတွေရှိနေရင် Google Play Store ကနေပြီး အခမဲ့ Download ရယူနိုင်ပါတယ်။ Laptop / Computer ရှိသူများ အနေဖြင့်လည်း စမ်းပြီးတော့ သုံးစွဲကြည့်နိုင်ပါတယ်။
ဒီ Post လေးကနေ အကျိုးတစ်စုံတစ်ရာ ရခဲ့မယ် ဆိုရင် Comment လေးနဲ့ အသိပေးပါဦး။ သိလိုတာလေးတွေ ရှိရင်လည်း မေးခဲ့ပါ။ ကူညီမျှဝေ ဖြေရှင်းပေးပါ့မယ်။
စီးပွားရေးနဲ့ ပတ်သက်တဲ့ အကျိုးရှိမယ့် အချက်အလက်တွေကို သိချင်တယ်ဆိုရင်တော့ ဒီ Mr. Marketing Myanmar ဆိုတဲ့ Page လေးကို Like & Follow လုပ်ပေးခဲ့ပါနော်။

အားလုံးကို ကျေးဇူးတင်လျက်





Credit To : Mr. Marketing Myanmar 






Comments

Popular posts from this blog

မိုဘိုင်းဖုန်းနဲ့ဓာတ်ပုံရိုက်တဲ့အခါ မှားတတ်တဲ့အလေ့အထများ

မိုဘိုင်းဖုန်းနဲ့ ဓာတ်ပုံရိုက်ကူးတဲ့အခါမှာ အချို့ပုံကောင်းတွေမရဘဲ သူများဓာတ်ပုံတွေက ဘာလို့ပိုလှနေလဲဆိုပြီး ခံစားမိတတ်တဲ့ အချိန်တွေ ရှိတတ်ပါတယ်။ ရိုက်ကူးတဲ့ နေရာအတူတူ၊ သုံးတဲ့ မိုဘိုင်းဖုန်းလည်း အတူတူနဲ့ အခြားသူ ရိုက်ကူးတဲ့ပုံက ကိုယ့်ပုံထက် ပိုမိုက်နေတာကို တွေ့ကြရပြီး ဘာကြောင့်လဲဆိုပြီး ကိုယ့်ကိုယ်ကို မေးတတ်ကြပါတယ်။ ဒါဟာ ဓာတ်ပုံပညာမှာ အချို့ မလုပ်သင့်တဲ့ ဝိသေသလေးတွေကို ကိုယ်က သတိမထားဘဲ လုပ်လိုက်မိလို့ သူများကကိုယ့်ထက် အနည်းလေးဓာတ်ပုံပညာ သိထားတာကြောင့် အချို့နေရာတွေမှာ ဓာတ်ပုံကောင်း တစ်ပုံသူတို့ရရှိ သွားကြတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုမဖြစ်ရ လေအောင် ဓာတ်ပုံပညာမှာ သိထားရမယ့် အခြေခံ အကြောင်းအချက် အချို့ကို ဝေမျှလိုပါတယ်။ Horizontal မျဉ်းတွေ ရေပြင်ညီဖြစ်အောင် မရိုက်ကူးခြင်း အချို့ဓာတ်ပုံကောင်းတွေမှာ မျဉ်းကြောင်းတွေဟာ အလွန်အရေးပါတာကို တွေ့ရပါတယ်။ ပင်လယ်ပြင်ကြီးကို နောက်ခံထားရိုက်ကူးတဲ့ အခါမှာ ရေပြင်ညီမျဉ်းကြောင်းဖြစ်ဖို့က အထူးအရေးကြီးပါတယ်။ အချို့သော တံတားတွေ ရိုက်ကူးတဲ့အခါမှာ မျဉ်းပြိုင်ဖြစ်နေတဲ့ တံတားဘောင်တွေ၊ ဓာတ်တိုင်တွေ၊ ဆိုင်းဘုတ်တွေ စတာတွေကို ရိုက်ကူးတဲ့ အခါမှာ မျဉ်းကြောင်...

Coffee , Marketing point view ?

အမှန်တော့ ဒီသတင်းက ၂၀၁၆ တည်းက အဟောင်းပါ။ မြန်မာပြည်ရဲ့ ၄၂ % ဆိုတာ တစ်ဝက်နီးပါးပဲ။ ဒီဈေးကွက်ကြီးက မသောက်ရမနေနိုင်အောင် စွဲလမ်းနေပြီဆိုတော့ ခိုင်မာတဲ့ ဈေးကွက်လို့ အကြမ်းမျဉ်း ယူဆလို့ရပြီ။ နောက်ကျန်တဲ့ ၅၈% ထဲကနေလည်း အမြဲမဟုတ်တောင်မှ တစ်ခါတစ်လေ သောက်သူက ၁၀% လောက်တော့ ရှိဦးမယ်။ ကိုင်း . . . Marketing Point of View အရ ကျွန်တော်တို့ ဘာလုပ်လို့ရမလဲ။ . . . ကျွန်တော် စဉ်းစားမိထားတာလေးတွေကို နောက်နေ့ နံနက် ၉ နာရီမှာ Post Edit လုပ်ပြီး တင်ပေးထားပါ့မယ်။ အဖြေမှန်လား မမှန်လား ၊ idea အသစ်ဖြစ်လား မဖြစ်လား သိချင်ရင်တော့ Comment လေးတွေ ချန်ထားပြီး ဦးနှောက်ကို အလုပ်ပေးကြတာပေါ့။ Noti ယူခဲ့မယ်ဆိုလည်း Noti ဆိုတာလေးတော့ ရေးပေးခဲ့ပါဦး။ ================ ဟုတ်ကဲ့ အားလုံးဖြေထားတဲ့ အဖြေတွေကို သုံးသပ်ကြည့်ရင် ထုတ်လုပ်ရေးဖြစ်တဲ့ ကော်ဖီထုတ်လုပ်ရေးလုပ်ငန်းရယ် ၊ ဝန်ဆောင်မှု လုပ်ငန်းဖြစ်တဲ့ ကော်ဖီဆိုင်ရယ်ကို အဓိက ဦးတည်ထားတာ တွေ့ရပါတယ်။ ဒါတွေဟာ ဈေးကွက်ထဲကို တိုက်ရိုက်ဝင်ရောက် ပြိုင်ဆိုင်တဲ့ သဘောပါ။ ကျွန်တော့်ရဲ့ ဓာတ်ပုံလေးကို တစ်ချက်ပြန်ကြည့်ရင် ပြည်တွင်း ကော်ဖီတံဆိပ်တစ်ခုရယ် ပြည်ပကော်ဖီ တံဆိပ်နှစ်ခုရယ်ကိုေ...

Personal Branding ဆိုတာ

တချို့လူတွေက မိမိတော်ကြောင်း တတ်ကြောင်း ထုတ်ဖော်ကြွားဝါးတတ်ကြတယ်။ မိမိ အာဏာ၊လုပ်ပိုင်ခွင့်သုံးပြီး ဘယ်လောက်လုပ်နိုင်တယ်ဆိုတာကို Branding လို့ထင်နေကြတယ်။ တကယ်တော့ အဲ့အရာက တက်တက်စင်လွဲပါတယ်။ Branding အစစ်မှန်က ဘာလဲ… " Personal Branding ဆိုတာ မိမိအခန်းထဲမှာ မရှိတဲ့နောက် အခြားလူတွေပြောကြတဲ့ ကိုယ့်အကြောင်းတဲ့"   Credit To ; ပေါင်းသင်းဆက်ဆံမူစွမ်းရည်