ISO ဆိုတာဘာလဲ ??
--------------------
အခြေခံအားဖြင့်တော့ ISO ဆိုတာ ကင်မရာထဲက image sensor ရဲ့အလင်းအာရုံခံနိုင်စွမ်းကို တိုင်းတာတဲ့ ယူနစ်တစ်ခုပါ ။ နံပါတ်နည်းလေလေ အလင်းအာရုံခံနိုင်စွမ်း နည်းလေဖြစ်ပြီး noise လို့ခေါ်တဲ့ အမှုန်အမွှားလေးတွေ နည်းလေပါပဲ ။

ISO အမြင့်တွေကို များသောအားဖြင့်တော့ မှောင်နေတဲ့ အခြေအနေတွေမှာ shutter speed ကိုမြန်ချင်ရင် သုံးကြပါတယ် ။ ဥပမာ မိုးလုံလေလုံ အားကစားပြိုင်ပွဲတွေမှာ ဖြစ်ပျက်နေတာတွေကို အမှီလိုက်ချင်ရင် ISO အမြင့်နဲ့ shutter speed အမြန်နဲ့တွဲသုံးကြပါတယ် ။ ဒါပေမယ့် ISO မြင့်လာတာနဲ့အမျှ noise လို့ခေါ်တဲ့ အမှုန်အမွှားတွေဝင်လာပြီး ပုံကသိပ်ပြီး မကြည်လင်တော့ပါဘူး ။
ISO 100 ကိုပုံမှန်လို့ လက်ခံထားကြပြီး noise အနည်းဆုံးနဲ့ ကြည်လင်ပြတ်သားတဲ့ပုံတွေ ရိုက်ဖို့ သုံးကြပါတယ် ။ ISO မြှင့်လိုက်ရင် ပိုမြန်တဲ့ shutter speed သာမက ပိုကျဉ်းတဲ့ aperture နဲ့ပါရိုက်နိုင်ပါတယ် ။ အဲဒီ့ ISO , Shutter speed နဲ့ Aperture သုံးခုကို ချိန်ညှိတတ်ခြင်းဟာလည်း လှပတဲ့ဓာတ်ပုံတွေ ရိုက်ကူးနိုင်ဖို့ အရေးပါတဲ့အချက်တွေထဲက တစ်ခုပါ ။
Credit To : Fujifilm Myanmar

Comments
Post a Comment