Skip to main content

Marketing ဆိုတာ

Marketing ဆိုတာ ခပ်လွယ်လွယ်ပြောရရင် ခင်ညားတို့ ရောင်းမဲ့ ကုန်ပစ္စည်း သို့မဟုတ် ၀န်ဆောင်မှုရဲ့ information နဲ့ availability ကို ဈေးကွက်ဆီ၊ စားသုံးသူဆီ အဆက်မပြက် ပို့ပေးနေတာပဲ။
customers က စိတ်ကူးပေါက်လို့ပဲ ဖြစ်ဖြစ်၊ တစ်ကယ် လိုအပ်လာလို့ပဲ ဖြစ်ဖြစ် ၀ယ်မယ်လို့ လုပ်တဲ့အခါ မျက်စိထဲ တန်းမြင်လာအောင်၊ သတိရစိတ် ဖြစ်လာအောင်၊ မ၀ယ် ၀ယ်ဝယ် ကြည့်ပြီး ၀ယ်ချင်စိတ်ဖြစ်လာအောင် လုပ်တာကို marketing လို့ အလွယ်ခေါ်လို့ရပါတယ်။
ကိုယ့် product (or) service အကြောင်းကို customers ဆီ အလွယ်ဆုံးနဲ့ အထိရောက်ဆုံး message ပို့ပေးနိုင်တာ advertising ကြော်ငြာခြင်းပါပဲ။
ကောင်းပြီ။ ကြော်ငြာတွေကို ဘယ်လိုဖန်တီးမလဲ။ ဒါဟာ marketing ရဲ့ အနုပညာတစ်ခု ဖြစ်ပါတယ်။
သင့်ရဲ့ ကြော်ငြာတွေမှာ အောက်ပါ အချက်အလက်တွေ အမြဲပါဝင်နေဖို့လိုပါတယ်။
(၁) Product - သင့် ကုန်ပစ္စည်း (သို့) ၀န်ဆောင်မှုအကြောင်း တိကျတဲ့ သတင်းအချက်အလက်တွေ ဖြစ်ပါတယ်။ ဘယ်လိုထုတ်ပိုးထားတယ်။ ဘယ်လို အေ၇ာင်အသွးရှိတယ်။ ဘယ်လို အာနိသင်တွေ ရှိတယ်။ အသုံးပြုခြင်းဖြင့် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိနိုင်တယ်.. စသည်ဖြင့် ဖော်ပြဖို့လိုပါတယ်။
(၂) Price - သင့် ကုန်ပစ္စည်း (သို့) ၀န်ဆောင်မှုရဲ့ ဈေးနှုန်းကို အသိပေးပါ။ တစ်ခြား အလားတူ ပြိုင်ဖက်များရဲ့ ဈေးနဲ့နှိုင်းယှဉ်ပြပါ။ Package တစ်ခုချင်း၏ ဈေးနှုန်း၊ ၀န်ဆောင်မှုတစ်ခုချင်း၏ ဈေးနှုန်း စသည်ဖြင့် အသေးစိတ်ဖော်ပြပေးပါ။ ဈေးနှုန်းအပြောင်းအလဲ၊ အတက်အကျ ကို ဈေးကွက်ဆီ အမြန်ဆုံးနှင့် အမြဲမပျက် အသိပေးပါ
(၃) Place - သင့် ကုန်ပစ္စည်း (သို့) ၀န်ဆောင်မှုများကို ရရှိနိုင်သော နေရာများ၊ လိပ်စာများကို ဖော်ပြပါ။ စားသုံးသူများသည် သူတို့နေထိုင်သော ပတ်ဝန်းကျင်နှင့် နီးသည် ဝေးသည်ကို စိတ်ဝင်တစား ကြည့်ရှု့လေ့ရှိသည်။
(၄) promotion - သင့် ကုန်ပစ္စည်း (သို့) ၀န်ဆောင်မှုများကို အရောင်းမြှင့်တင်ရေး အစီအစဉ်များ၊ လျော့ဈေး (Discount) ပေးမည့်အစီအစဉ်များ၊ လက်ဆောင်များ၊ ကံစမ်းမဲများ လုပ်မည့် အချိန်၊ ကာလ၊ နေရာများကို ဖော်ပြပါ။ အပိုဆောင်း ၀န်ဆောင်မှုများ၊ buy 1, Get 1 free များ၊ (Added Value) အစီအစဉ်များကို အမြဲ ကြော်ငြာပေးပါ။
သင့်ရဲ့ ကြော်ငြာဟာ ဘယ်လောက် ကောင်းတယ်၊ ကြည့်သူတွေကို တစ်စုံတစ်ခုသော Message ကို ပေးစွမ်းနိုင်တယ် ဆိုတာ သင့်ရဲ့ marketing ဘယ်လောက် ကောင်းတယ်ဆိုတာ သက်သေပါပဲ။
နောက်အချိန်ရရင် ကြော်ငြာတွေ ကို ဘယ်လို ဘယ်ပုံ ဖန်တီးသင့်တယ် ဆိုတာတွေ၊ marketing လမ်းကြောင်း ဘယ်လို ရွေးတယ်ဆိုတာတွေ ရေးပါအုံးမယ်။
ဒီလောက်ဆို ခင်ညားတို့ marketing ဆိုတာကြီးကို နဲနဲလောက်တော့ ဆ ၀ါး နိုင်ကြပြီထင်ပါတယ်။
Best advertising is best entertainment
အကောင်းဆုံးကြော်ငြာဆို အကောင်းဆုံး ဖျော်ဖြေမှု ပါပဲလို့ ပြောရင်း ဒီလောက်နဲ့ နိဂုံးကမ္မက် အဆုံးသတ်ထားပါရစေ






Credit To : Myat Kyaw Thu Oo 







Comments

Popular posts from this blog

မိုဘိုင်းဖုန်းနဲ့ဓာတ်ပုံရိုက်တဲ့အခါ မှားတတ်တဲ့အလေ့အထများ

မိုဘိုင်းဖုန်းနဲ့ ဓာတ်ပုံရိုက်ကူးတဲ့အခါမှာ အချို့ပုံကောင်းတွေမရဘဲ သူများဓာတ်ပုံတွေက ဘာလို့ပိုလှနေလဲဆိုပြီး ခံစားမိတတ်တဲ့ အချိန်တွေ ရှိတတ်ပါတယ်။ ရိုက်ကူးတဲ့ နေရာအတူတူ၊ သုံးတဲ့ မိုဘိုင်းဖုန်းလည်း အတူတူနဲ့ အခြားသူ ရိုက်ကူးတဲ့ပုံက ကိုယ့်ပုံထက် ပိုမိုက်နေတာကို တွေ့ကြရပြီး ဘာကြောင့်လဲဆိုပြီး ကိုယ့်ကိုယ်ကို မေးတတ်ကြပါတယ်။ ဒါဟာ ဓာတ်ပုံပညာမှာ အချို့ မလုပ်သင့်တဲ့ ဝိသေသလေးတွေကို ကိုယ်က သတိမထားဘဲ လုပ်လိုက်မိလို့ သူများကကိုယ့်ထက် အနည်းလေးဓာတ်ပုံပညာ သိထားတာကြောင့် အချို့နေရာတွေမှာ ဓာတ်ပုံကောင်း တစ်ပုံသူတို့ရရှိ သွားကြတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုမဖြစ်ရ လေအောင် ဓာတ်ပုံပညာမှာ သိထားရမယ့် အခြေခံ အကြောင်းအချက် အချို့ကို ဝေမျှလိုပါတယ်။ Horizontal မျဉ်းတွေ ရေပြင်ညီဖြစ်အောင် မရိုက်ကူးခြင်း အချို့ဓာတ်ပုံကောင်းတွေမှာ မျဉ်းကြောင်းတွေဟာ အလွန်အရေးပါတာကို တွေ့ရပါတယ်။ ပင်လယ်ပြင်ကြီးကို နောက်ခံထားရိုက်ကူးတဲ့ အခါမှာ ရေပြင်ညီမျဉ်းကြောင်းဖြစ်ဖို့က အထူးအရေးကြီးပါတယ်။ အချို့သော တံတားတွေ ရိုက်ကူးတဲ့အခါမှာ မျဉ်းပြိုင်ဖြစ်နေတဲ့ တံတားဘောင်တွေ၊ ဓာတ်တိုင်တွေ၊ ဆိုင်းဘုတ်တွေ စတာတွေကို ရိုက်ကူးတဲ့ အခါမှာ မျဉ်းကြောင်...

Coffee , Marketing point view ?

အမှန်တော့ ဒီသတင်းက ၂၀၁၆ တည်းက အဟောင်းပါ။ မြန်မာပြည်ရဲ့ ၄၂ % ဆိုတာ တစ်ဝက်နီးပါးပဲ။ ဒီဈေးကွက်ကြီးက မသောက်ရမနေနိုင်အောင် စွဲလမ်းနေပြီဆိုတော့ ခိုင်မာတဲ့ ဈေးကွက်လို့ အကြမ်းမျဉ်း ယူဆလို့ရပြီ။ နောက်ကျန်တဲ့ ၅၈% ထဲကနေလည်း အမြဲမဟုတ်တောင်မှ တစ်ခါတစ်လေ သောက်သူက ၁၀% လောက်တော့ ရှိဦးမယ်။ ကိုင်း . . . Marketing Point of View အရ ကျွန်တော်တို့ ဘာလုပ်လို့ရမလဲ။ . . . ကျွန်တော် စဉ်းစားမိထားတာလေးတွေကို နောက်နေ့ နံနက် ၉ နာရီမှာ Post Edit လုပ်ပြီး တင်ပေးထားပါ့မယ်။ အဖြေမှန်လား မမှန်လား ၊ idea အသစ်ဖြစ်လား မဖြစ်လား သိချင်ရင်တော့ Comment လေးတွေ ချန်ထားပြီး ဦးနှောက်ကို အလုပ်ပေးကြတာပေါ့။ Noti ယူခဲ့မယ်ဆိုလည်း Noti ဆိုတာလေးတော့ ရေးပေးခဲ့ပါဦး။ ================ ဟုတ်ကဲ့ အားလုံးဖြေထားတဲ့ အဖြေတွေကို သုံးသပ်ကြည့်ရင် ထုတ်လုပ်ရေးဖြစ်တဲ့ ကော်ဖီထုတ်လုပ်ရေးလုပ်ငန်းရယ် ၊ ဝန်ဆောင်မှု လုပ်ငန်းဖြစ်တဲ့ ကော်ဖီဆိုင်ရယ်ကို အဓိက ဦးတည်ထားတာ တွေ့ရပါတယ်။ ဒါတွေဟာ ဈေးကွက်ထဲကို တိုက်ရိုက်ဝင်ရောက် ပြိုင်ဆိုင်တဲ့ သဘောပါ။ ကျွန်တော့်ရဲ့ ဓာတ်ပုံလေးကို တစ်ချက်ပြန်ကြည့်ရင် ပြည်တွင်း ကော်ဖီတံဆိပ်တစ်ခုရယ် ပြည်ပကော်ဖီ တံဆိပ်နှစ်ခုရယ်ကိုေ...

Personal Branding ဆိုတာ

တချို့လူတွေက မိမိတော်ကြောင်း တတ်ကြောင်း ထုတ်ဖော်ကြွားဝါးတတ်ကြတယ်။ မိမိ အာဏာ၊လုပ်ပိုင်ခွင့်သုံးပြီး ဘယ်လောက်လုပ်နိုင်တယ်ဆိုတာကို Branding လို့ထင်နေကြတယ်။ တကယ်တော့ အဲ့အရာက တက်တက်စင်လွဲပါတယ်။ Branding အစစ်မှန်က ဘာလဲ… " Personal Branding ဆိုတာ မိမိအခန်းထဲမှာ မရှိတဲ့နောက် အခြားလူတွေပြောကြတဲ့ ကိုယ့်အကြောင်းတဲ့"   Credit To ; ပေါင်းသင်းဆက်ဆံမူစွမ်းရည်